Part-5(Z+U)

6 2 0
                                    

Zawgyi

သမိုင်းသွင် ဒီနေ့ရုံးပိတ်ရက်ဖြစ်တာကြောင့်
ဟိုနှစ်ကောင် သူရသစ်နှင့် ဘုန်းဝေယံကိုကလည်း
အိမ်ကိုလာလည်မယ်တကဲကဲလုပ်နေသည်။
အဓိကက အိမ်လာချင်တာ သူ့ကိုတွေ့ချင်လို့မဟုတ်။
သူပြောပြထားပြီးကတည်းက သုန္နရတို့ကိုတွေ့ချင်
နေတာဖြစ်သည်။ ဒါကြောင့် gymမှာဘဲအမြဲအချိန်ကုန်နေတဲ့ ဘုန်းဝေကပါ
လာမယ်လုပ်နေတာပင်။

ဒါကြောင့် သူတို့လာရင် ကျွေးစရာမရှိတာမို့
Market သို့ ဈေးဝယ်ထွက်ရတော့သည်။
ဝယ်စရာလုံလုံလောက်လောက်ဖြစ်သည်နှင့်
ပြန်ဖို့အလုပ် အလယ်တန်းအရွယ် ကောင်လေးတစ်ချို့ ပြေးလာပြီး
သူ့အားတိုက်ချသွားတာကြောင့်
သယ်လာသမျှ မုန့်ထုပ်တွေအကုန်ကျကုန်ရသည်။

"ကျစ်!ဘယ်လိုကလေးတွေလဲကွာ ဆောရီးတောင်
မပြောသွားကြဘူး"

သမိုင်းသွင်ရေရွတ်ရင်း ငုတ်တုပ်ထိုင်ကာ မုန့်ထုပ်တွေကောက်နေသည်။
ကောက်နေရင်း သုန္နရ တို့အတွက် ဝယ်လာတဲ့
သွားတိုက်တံလေးတွေအား ကောက်မည်အပြု
သွယ်လျတဲ့လက်တစ်စုံက ဦးသွားမို့
သူကြောင်ပြီး မော့ကြည့်လိုက်တော့
ထိုလူက သူ့အားပြုံးပြလာသည်။

"ဘယ်လိုဖြစ်ပြီး အကုန်ပြုတ်ကျကုန်ရတာလဲ"

ထိုလူက သူ့အားမေးမြန်းလို့ ပစ္စည်းတွေတစ်ခုပြီး
တစ်ခုပြန်ကောက်ပေးနေသည်။

"ဟင်!ခများက ဘယ်တုန်းကပြန်ရောက်တာ
ထားပါ...အဲ့တာကျွန်တော့်နဲ့မှမဆိုင်ဘဲ"

"ကိုယ်မနေ့ကပဲ ပြန်ရောက်တာ....
ကိုယ့်ကိုစိတ်ဆိုးနေတုန်းလား"

"ဟင့်အင်း...ပေးပါ ကျွန်တော့်အထုပ်တွေ"

သမိုင်းသွင် ရုတ်တရက် ပေါ်လာသူကြောင့်
အံဩသွားရသည်။ စင်ကာပူကိုမပြောမဆိုနဲ့
ထွက်သွားပြီး ပြန်လာတော့လည်း ဗြုန်းစားကြီး
ပြန်လာသည်။

သမိုင်းသွင် ပြန်ဖြေလိုက်ရင်း ထိုလူ့လက်ထဲက
အထုပ်ကိုဆွဲယူလိုက်တော့ မလွှတ်ပေးဘဲ
သူ့အား မျက်​မှောင်ကြီးကြုတ်၍
စိုက်ကြည့်နေသူကြောင့်
သမိုင်းသွင်စိတ်ရှုပ်လာရသည်။

Entering the 21st centuryWhere stories live. Discover now