Zawgyi
"မင်းတို့တွေ ခုထိရှာမတွေ့သေးဘူးလား"
"တောင်းပန်ပါတယ် bossကျွန်တော်တို့လည်း
ွှရှာနေပေမယ့် အဲ့နေ့က သခင်လေးကိုကြိုပေးတဲ့
ဦးလေးကြီးက accidentဖြစ်တော့
ချောက်ကမ်းပါးတစ်နေရာကိုကားကထိုးရပ်ပြီး
သခင်လေးကိုကြည့်လိုက်တော့မတွေ့တော့ဘူးတဲ့
ချောက်ထဲပြုတ်ကျသွားတယ်ထင်တယ်လို့
ပြောပါတယ်""ဒါဆို...... အဲ့ချောက်ထဲကို ကယ်ဆယ်ရေးလူ
တွေငှါးပြီး ရှာကြလေ ဘာလုပ်နေကြတာလဲ!"တိတ်ဆိတ်နေတဲ့ရုံးခန်းအတွင်း အသက်၄၀အရွယ်
ယောက်ျားတစ်ယောက်၏အသံက
ဖုံးလွှမ်းသွားသည်။
bossဖြစ်သူရဲ့စိုးရိမ်စိတ်ကြီးနေတဲ့မျက်နှာကို တစ်ချက်ကြည့်ပြီး လူငယ်က သက်ပြင်းတစ်ချက်ချသည်။"ကျွန်တော်တို့ရှာပြီးပါပြီ boss
ဘာအစအနမှ မတွေ့ခဲ့ပါဘူး တောင်းပန်ပါတယ်""မတွေ့မချင်းထပ်ရှာ လူအင်အားထပ်ဖြည့်ပြီး
တစ်လအတွင်း တွေ့အောင်ရှာခဲ့ သွားတော့"အလုပ်စားပွဲရှိ စုံလည်ခုံတွင် ထိုင်နေသော
ဥပဓိရုပ်ကောင်းကောင်းနှင့်လူက
သူ၏အတွင်းရေးမှူးကိုပြောလိုက်သည်။
မျက်ခုံးတို့ကစုကြုံ့နေပြီး မျက်ဝန်းအိမ်တို့က
အရိပ်အယောင်တစ်ချို့ဖြတ်ပြေးနေသည်။
အလုပ်ထဲတွင်စိတ်နှစ်၍ မရ၊ စိတ်တို့က ထွေပြားနေသည်။
နိုင်ငံခြားကပြန်အလာ ကားကစက်ချို့ယွင်းပြီး
ကားသမား ကဒဏ်ရာရကာ ကားသမား၏နားဘေးရှိလူငယ်ကတော့
ရှာ၍ပင်မတွေ့တော့ဘူးတဲ့။
အတွင်းရေးမှူးကတော့ bossဖြစ်သူ၏ စိတ်အခြေအနေကြောင့် ရှောင်ပေးရန်
ခေါင်းတစ်ချက်ညိမ့်ကာထွက်သွားလေသည်။
ရှာနေတာ ကြာပြီဆိုပေမယ့် အရိပ်အယောင်တောင်ကိုမတွေ့သေးဘူးဆိုတဲ့
စကားကြောင့် သူ နားထင်ကိုလက်နဲ့
ဖိထားမိသည်။
နောက်လာမဲ့လဆိုရင်ဘဲ D&Y entertainment ကို ဦးစီးဖို့အတွက် လွတ်နေတဲ့CEOနေရာကို
သူ့၏သားကိုပေးရန်ရည်ရွယ်ထားသည်။
သူလည်းအခြားသောအလုပ်တွေရှိသည်မို့
D&Yနဲ့အသင့်တော်ဆုံးသည် သူ၏သားသာ
ဖြစ်၏။ ရှယ်ရာရှင်အာလုံးကိုလည်းကြေညာပြီး
သားဖြစ်နေသည်။ ဒါကြောင့် နောက်လမရောက်ခင် ရှာတွေ့မှကိုဖြစ်မည်။
သို့သော် မထင်မှတ်ထားသည့်
အခြေအနေက လမ်းမှာတင် သားက
ပျောက်သွားသည်တဲ့လေ။ ဘာသတင်းအစအနမှ မရသလို သေသလားရှင်သလားတောင်မသိရပါ။
YOU ARE READING
Entering the 21st century
Romance21ရာစုတဲ့....သူနေနေကျနန်းဆောင်နဲ့လည်းမတူဘူး။ ရှေ့ကအမျိုးသားငယ်ကရော ဘယ်သူလဲ? သူဘယ်ရောက်နေတာလဲ......။ ဤဇာတ်လမ်းတွင်ပါဝင်သောအကြောင်းအရာများသည် စာရေးသူ၏စိတ်ကူးသက်သက်သာဖြစ်ပါသည်။ 21ရာစုတဲ့....သူနေနေကျနန်းဆောင်နဲ႔လည်းမတူဘူး။ ရှေ့ကအမျိုးသားငယ်ကရော ဘယ်သူလဲ...