Part-6(Z+U)

4 1 0
                                    

Zawgyi

သုန္နရတို့သုံးယောက် သမိုင်းသွင်နဲ့နေလာတာ
တစ်ပတ်ပင်ပြည့်တော့မည်။
သူတို့ကိုယ်တိုင်ကတတ်မြောက်လွယ်သူတွေမို့
ဒီဘက်ခေတ်မှာအဆင်ပြေစွာ နေထိုင်တတ်သည်။

သို့ပေမယ့် တောသားမြို့တက်ကလေးတွေလိုပင်
တစ်ခါတစ်လေ သူတို့ကြောင့်ရယ်ရမောရ
အော်ရနှင့် သမိုင်းသွင်ခမျာ ကလေးသုံးယောက်အမေကြီးလိုပင်။

မှားလို့...မှားလို့ တစ်ယောက်ကိုတော့
သားဖအဇုန်ထဲမသွင်းနိုင်ပါ။ ကြင်ယာတော်ဇုန်ထဲသာထည့်သွင်းချင်သည်။ ကြင်ယာတော် သမိုင်းသွင်တို့ဘာတို့ပေါ့ ခွီး...ကိုယ့်အတွေးနဲ့ကိုယ်တော့ဟုတ်နေတာဘဲ။

မိမိအိမ်ရှေ့စံလေးနဲ့ကတော့ ဒေါ်ကလျာcompanyထိ လိုက်ရန်ရှာတဲ့နေ့က
သူ့ရင်ခွင်၌ ခိုဝင်ပြီးချိန်မှစ အရင်ကထက်
ပိုပြီးရင်းနှီးလာသည်။

မရင်းနှီးလို့လည်းမရ မရင်းနှီးရင် ရင်းနှီးအောင်
လုပ်သည်က သမိုင်းသွင်ပေ။
လူချင်းနီးပြီးရင် ရင်ဘတ်ချင်းနီးအောင်လည်း
အကြောင်းအမျိုးမျိုးရှာ ဖလစ်တတ်အောင်
လုပ်အုံးမှပါလေ။

သူတို့ခေတ်မှာ တစ်မြို့လုံးကချစ်ကြောက်
ရိုသေရတဲ့ အိမ်ရှေ့စံက သမိုင်းသွင်ကိုတော့
ရှက်လေသတဲ့။

ဟိုတစ်နေ့က သုန္နရ တို့အခန်းမှရေချိုးခန်းက
စိုင်းမူနှင့်ဧကရေချိုး ​နေသောကြောင့်
ရေချိုးခန်းကမလွတ်။
ဘယ်လွတ်မလဲ စိုင်းမူနှင့်ဧက ကတော့မရှက်တတ်သူတွေမို့
စောင့်လည်းမစောင့်နိုင်ကြလို့တူတူချိုး
ကြသည်တဲ့လေ။

ထို့နောက်တော့ ရေချိုးခန်းထဲမျက်နှာသစ်
ခြေလက်သန့်စင်နေတုန်း သုန္နရက
ဝင်လာပြီး မျက်နှာကလည်း ဇီးရွက်လောက်သာကျန်သည်။
ဘာဖြစ်တာလဲဆိုတော့ ရေချိုးခန်းဖယ်ပေးဟုသာ
တစ်ဖွဖွပြောနေတာကြောင့် ရေချိုးမလို့လား
ဒါဆိုခဏစောင့်ဆိုလည်းမဟုတ်
ချက်ချင်းဖယ်ပေးသာပြောနေသူကြောင့်
အတင်းမေးတော့မှ
ဖြူဖွေးနေတဲ့မျက်နှာထက်တွင် တစ်ဖြေးဖြေးနီမြန်းလာပြီးနောက်တော့
အထစ်ထစ်အငေါ့ငေါ့ဖြင့်
'မ..မစင် စွန့်ချင်လို့ပ သ..သမိုင်းသွင်ရယ်'တဲ့လေ
မျက်နှာကနီစုတ်ပြီး ရှက်နေတာသိပေမယ့်
စချင်တဲ့စိတ်လေးကြောင့် 'ကျွန်တော်ကသွားဘဲတိုက်နေတာ ခများကလည်း အေးဆေးပေါ့'ဆိုတော့

Entering the 21st centuryWhere stories live. Discover now