Part-3(Z+U)

8 2 0
                                    

Zawgyi

At 6:00am,

မနက်ခင်းရဲ့ကျေးငှက်တွန်သံတို့နဲ့အတူ နေရောင်
ခြည်မှိန်ဖျဖျကအဖြူနဲ့အမဲစပ်ကြား
အိပ်ယာကြီးပေါ်တွင် ရှိသော
ကောင်လေးဆီသို့ ဖြာကျ၏။
ညကပင်ပင်ပန်းပန်းနဲ့ အစောကြီးအိပ်ပျော်သွား
သည်မို့ မနက်ခင်း စောနိုးနေသည်ကို သူသိသည်။
မျက်လုံးတို့ကိုအားယူဖွင့်ကာ ကုတင်ဘေးရှိ
စားပွဲပေါ်တွင်တင်ထားသည့် မရှိမဲ့ရှိမဲ့ဝယ်ထား
ရသောiphoneလေးကို ကောက်ယူလိုက်သည်။
ဖုန်းဖွင့်ဖွင့်ချင်းမြင်လိုက်ရတဲ့miss callပေါင်း
သောင်းခြောက်ထောင်ကြာင့်စောစောက
မပွင့်သေးတဲ့မျက်လုံးတွေတောင်
ပြူးကျယ်ကုန်၏။ သူ၏သူငယ်ချင်းကောင်း
သူတော်ကောင်းအပေါင်းတို့ခေါ်ထားသည်မှာ
၁၀ခါလောက်ရှိသည်။ နောက်ပြီးသူ၏ မာမား
miss callတွေက 20miss callဆိုဘဲ၊
လိုင်းပေါ်ကခေါ်ထားတာတောင်မဟုတ်၊
သူမနေ့ညထဲကလိုင်းမတက်ဖြစ်တာမို့၊
overseas ခေါ်တာဖြစ်မည်။
နောက်တော့ မာမားကိုပြန်ခေါ်ဖို့အလုပ်
'စီသစ်'ဆိုတဲ့ နာမည်နဲ့ဖုန်းဝင်လာသည်မို့
ကောက်ကိုင်လိုက်သည်။

'ယျောင့် !ငသွင် မင်းသေနေပြီလားလို့...
%$#&%$#&......'

ဖုန်းလေးစကိုင်တာရှိသေးအာဗြဲသံနဲ့ပွစိပွစိ
အော်နေတဲ့ငလူး 'သူရသစ်'ကြောင့် ဖုန်းကိုနားနဲ့ခနခွာလိုက်ရသည်။

"-ီးလား ငသစ် ဖြည်းဖြည်းပြောပါကွ
စောစာစီးစီးကွာ ငှက်ဆိုးထိုးသံနဲ့"

'အေး....လုပ်မနေနဲ့ မနေ့ညက မင်းမာမားက
မင်းဖုန်းမကိုင်လို့ ငါတို့ကိုလှမ်းမေးနေတာ၊
မင်းဘာတွေလုပ်နေလို့တုန်း၊လျို
ထားတာလားယျောင့် '

"ကိစ္စလေးတစ်ခုရှိလို့ကွာ ၊နောက်မှပြောမယ်"

'အေးအေး တီမြစိတ်ပူတတ်တာ
မင်းလည်းသိရဲ့နဲ့ကွာ၊အဝေးမှာဆိုတော့
မင်းတစ်ခုခုဖြစ်မှာစိတ်ပူနေတာနေမယ်၊
မင်းပြန်ဆက်လိုက်အုံး'

"ဟုတ်ပြီဟုတ်ပြီ ရုံးရောက်မှတွေ့မယ် "

တီ.....

သမိုင်းသွင်လည်း ဖုန်းမြန်မြန်ချပြီး မာမားကြီးဆီသို့ လိုင်းဖွင့်ကာ video callသာ
ခေါ်လိုက်တော့သည်။

Entering the 21st centuryWhere stories live. Discover now