Zawgyi
"အား..."
တိတ်ဆိတ်နေတဲ့နေရာဒေသအတွင်းတွင်
ကျယ်လောင်စွာထွက်ပေါ်လာတဲ့အသံကြောင့်
သုန္နရနိုးလာသည်။ နိုးနိုးချင်းဦးနှောက်ကိုအလုပ်
ပေးကာ မိမိနားဘေးကိုကြည့်လိုက်တော့
စိုင်းမူ နှင့် ဧက သည် သုန္နန၏ဘေးတစ်ဖက်တစ်
ချက်စီတွင်နေရာယူကာ သုန္နရ ကိုပင်မှီ၍ တခူးခူး
အိမ်ပျော်လျက်ရှိနေသည်။ ကုလားသေကုလားမောအိပ်နေကြသော နှစ်ယောက်ကို လှုပ်နိုးလိုက်သည်။
သူတို့ ခရီးဆက်ရအုံးမယ်မဟုတ်လား။"စိုင်းမူ....စိုင်းမူ ထအုံး"
သုန္နရနိုးလိုက်တော့စိုင်းမူက တစ်ဝါးဝါးသန်းကာ
ထလာသည်။ ထို့နောက် ဧကကိုပါ အသံကြားသည်ထင်ပါ့ နိုးလာကြသည်။"အရှင့်သား ကျွန်တော်တို့ဘယ်ရောက်နေတာလဲ
အမွှေးနံသင်းသင်းလေးတစ်ခုရတယ်"ဧက ကအိပ်ချင်မူးတူးဖြင့်စကားဆိုလာသည်။
ဧကပြောတာမှန်သည် သူတို့ဘယ်ရောက်နေ
သည်မသိ သူတို့ရောက်နေတာ စောနကဂူထဲတော့မဖြစ်နိုင်။
ထိုဂူက တော်ထဲကဖြစ်၍အနံ့သက်မကောင်းတာ
သုန္နရသိသည်။ ယခုဟာကမွှေးတဲ့ရနံ့သင်းသင်းလေးရနေသည်။ မှောင်မဲနေသည်မို့ သူတို့ဘာမှမမြင်ရ
ဒါကြောင့် သုန္နရမက်တပ်ထရပ်လိုက်တော့
စိုင်းမူ နှင့် ဧက ကပါ အတူလိုက်ရပ်လိုက်သည်။
သူတို့မက်တပ်ရပ်လိုက်သည်နှင့်တစ်ပြိုင်နက်
'ဂျောက်'ဆိုတဲ့အသံနဲ့အတူ အမျိုးသားတစ်ဦး။"အား....... "
"အား......ဘယ်...ဘယ်သူတွေလဲ
မင်း...မင်းတို့ သူ...သူခိုး...""အိမ်ရှေ့စံကို ကာကွယ်!"
ရွှမ်း!
ဘုတ်!
သမိုင်းသွင် မနက်ဖြန်တင်ရမယ့်ကာတွန်းတွေက
များသည်မို့ ဒီနေ့ညအပြီးဖြတ်နေသည်မှာ
ည၇နာရီပင်ထိုးသွားသည်မို့ ရုံးကိုနောက်ကျမှ
ဆင်းဖြစ်သည်။
ထို့နောက်ပင်ပင်ပန်းပန်းနှင့်ပင် သူ၏တိုက်ခန်းသို့
ရောက်တော့ မှောင်မဲနေတဲ့အခန်းအတွင်း
တစ်စုံတစ်ခုကိုတိုက်မိလိုက်သည်မို့ တစ်ချက်အော်
မိပြီး မီးခလုတ်အားစမ်းကာ ဖွင့်လိုက်သည်။
YOU ARE READING
Entering the 21st century
Romance21ရာစုတဲ့....သူနေနေကျနန်းဆောင်နဲ့လည်းမတူဘူး။ ရှေ့ကအမျိုးသားငယ်ကရော ဘယ်သူလဲ? သူဘယ်ရောက်နေတာလဲ......။ ဤဇာတ်လမ်းတွင်ပါဝင်သောအကြောင်းအရာများသည် စာရေးသူ၏စိတ်ကူးသက်သက်သာဖြစ်ပါသည်။ 21ရာစုတဲ့....သူနေနေကျနန်းဆောင်နဲ႔လည်းမတူဘူး။ ရှေ့ကအမျိုးသားငယ်ကရော ဘယ်သူလဲ...