15

8K 1.2K 2
                                    

မတရား အမှုဆင်ရသည့် အကြောင်းပြချက်
......................................................

"မဖြစ်နိုင်ဘူး။" ဖန်းရှီက အော်လိုက်သည်။ သူမ၏ဒေါသနှင့် ရက်စက်ကြမ်းကြုတ်သောမျက်နှာအရ သူမသည်ထိုဝန်ခံသူအား ခုန်အုပ်ကာဆွဲဖြဲတော့မလိုပင်။

ဝန်ခံလိုက်သောလူငယ်က အလန့်တကြားဖြင့် ထပ်ကာထပ်ကာ နောက်ဆုတ်နေသည်။

"မိုက်ရိုင်းလိုက်တာ" ထောင်ဖန်းက ရုံးတော်သားများအား ဖန်းရှီကို ဆွဲထုတ်ရန် ဒေါသတကြီးအမိန့်ပေးလိုက်သည်။ "ဒီတရားသူကြီးအတွက် ဖန်းရှီကို ပါးစပ်စည်းထားလိုက်။"

"အရာရှိကြီးခင်ဗျ၊ အရာရှိကြီးခင်ဗျ၊ ကျေးဇူးပြု၍ သခင်မကိုလွှတ်ပေးပါ။ ကျွန်တော်တို့ရဲ့ သခင်မက ကျားမိသားစုရဲ့ အိမ်ရှင်မဖြစ်ပါတယ်။ ဒီအကြောင်းပြချက်ကြောင့် ကျွန်တော်တို့ ကျားမိသားစုရဲ့သိက္ခာကို အနည်းငယ်ဆယ်ပေးပါ။" ကျားမိသားစု၏ အိမ်တော်ထိန်းက ကျယ်လောင်စွာ အော်လိုက်သည်။

"ဒီတရားသူကြီးက သူမရဲ့ရိုင်းပြမှုကို လုံလုံလောက်လောက် သည်းခံပြီးပြီ။ ငါ့ ဂုဏ်သိက္ခာကို သူမထပ်ကာထပ်ကာ ရန်စနေတာကို ငါဘယ်လိုလုပ် လစ်လျူရှုထားလို့ ရတော့မှာလဲ။" ထောင်ဖန်း ဒေါသတကြီးပြောလိုက်သည်။

ထိုအခါ ကျားမိသားစု၏ အိမ်တော်ထိန်းက ဖန်းရှီကို သိမ်းသွင်းလိုက်သည်။ "သခင်မက ကျေးဇူးပြုပြီး စိတ်ငြိမ်ငြိမ်ထားပါ။" သူက ဖန်းရှီအား တီးတိုးဆိုလိုက်သည်။ "နယ်စောင့်တပ်မှူးကျန် လာမှာကို စောင့်ရအောင်။"

နယ်စောင့်တပ်မှူးကျန်ဟူသည့်နာမည်က ဖန်းရှီအား စိတ်ငြိမ်သွားစေသည်။ သူမက လူငယ်လေးယောက်ကို မုန်းတီးစွာ စိုက်ကြည့်နေသေးသော်လည်း သူတို့ထံပြေးသွားကာ ဆုတ်ဖြဲမည့် ဘာလက္ခဏာမှ မပြတော့ပေ။

လင်းကျန်က ဖန်းရှီ၏မျက်နှာကိုကြည့်ကာ ထေ့ငေါ့လှောင်ပြောင်လိုက်သည်။ ဤအမျိုးသမီးက ကျားမိသားစုပိုင်နက်တွင် မြင့်မြတ်၍ ကျက်သရေရှိပုံရသော်လည်း ဤနေရာတွင်မူ သူမ၏တကယ့်စရိုက်အစစ်အမှန်ကို ပြသခဲ့သည်။

အပြင်ဘက်မှ ပွဲကြည့်ပရိသတ်များကပင် ဖန်းရှီအား လက်ညှိုးထိုးကာ ကျယ်လောင်စွာ ဝေဖန်နေကြသည်။

ပြန်လည်မွေးဖွားပြီးနောက် ထင်ပေါ်ကျော်ကြားခြင်းWhere stories live. Discover now