98

4.8K 749 18
                                    

ကျားမိသားစု၏ မိုက်မဲမှု
................................

"ကျန်းကျိုးနဲ့ ထန်းယန်က အတော်ဝေးတယ်။ ကြီးမြတ်သောယွဲ့တိုင်းပြည်မှာ ကျွန်တော့်အဖိုးတစ်ယောက်ထဲက ရှေးဟောင်းပစ္စည်းတွေကို စစ်ဆေးရာမှာ တစ်ဦးတည်းသော ကျွမ်းကျင်တဲ့သူ မဟုတ်ဘူးဆိုတာ သေချာပါတယ်။ လူကြီးမင်းတို့တွေအနေနဲ့ ထန်းယန်ကိုလာပြီး ကျွန်တေယ့်အဖိုးကို အကူအညီတောင်းရအောင် ဘာကများဆုံးဖြတ်ချက်ချစေခဲ့တာပါလဲ။"

လင်းကျန်က ဧည့်သည်များကိုလောကဝတ်အရ အရင်မထိုင်ခိုင်းဘဲ ဘယ်ဘက်လှည့်ထားသောထိုင်ခုံတွင် ခပ်တည်တည်ဝင်ထိုင်လိုက်ရာ ယင်းက အခြားလူများအတွက် သူ၏ခံစားချက်အား ခန့်မှန်းရန်ခက်ခဲစေသည်။ လင်းကျန်ဘာတွေးတောနေသည်ကို မပြောနိုင်သည့် သက်လတ်ပိုင်းအရွယ်လူနှစ်ယောက်မှာ သတိထားလာကြသည်။

"ကျွန်တော်တို့က ရှေးဟောင်းပစ္စည်းစစ်ဆေးတဲ့အပေါ် သခင်ဟောင်းလင်းရဲ့ ဗဟုသုတပြည့်စုံမှုအတွက် လေးစားပါတယ်။ ဘာသာရေးဝန်ကြီးဌာနမှာ လက်ထောက်ဝန်ကြီးအဖြစ် သခင်ဟောင်းလင်း တာဝန်ထမ်းဆောင်ခဲ့စဉ်တုန်းက အရင်မင်းဆက်ရဲ့ ယဇ်ပူဇော်အိုးတွေကို ထိန်းသိမ်းတဲ့နေရာမှာ တာဝန်ယူခဲ့ပါတယ်။ အဲ့ဒါကြောင့် ကျွန်တော်တို့က သခင်ဟောင်းလင်း တစ်ချက်လောက်လိုက်ကြည့်ဖို့ ဒီကိုလာဖိတ်ခေါ်ရတာပါ။ ဒါက အင်မတန်စိတ်မရှည်ပုံပေါ်တယ်ဆိုတာ ကျွန်တော်တို့သိပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့ရဲ့ ကျေးဇူးတင်မှုကိုပြသဖို့အတွက် ဉာဏ်ပူဇော်ခအမြောက်အများပြင်လာပါတယ်။"

ဉာဏ်ပူဇော်ခအများကြီးလား။ လင်းကျန်၏အကြည့်များ ခေတ္တအေးစက်သွားသည်။ "လူကြီးမင်းတို့က ယဇ်ပူဇော်အိုးတွေအကြောင်းကို အခုလေးတင်ပြောသွားတယ်။ လူကြီးမင်းတို့ ရထားတာက အရင်မင်းဆက်တွေရဲ့ယဇ်ပူဇော်အိုးတွေများလား။"

"အင်း။ ကျွန်တော်တို့ မသေချာပါဘူး။ အဲ့ဒါကြောင့်ပဲ ကျွန်တော်တို့ကသခင်ဟောင်းလင်းကို အကူအညီလာတောင်းတာပါ။"

ဤလူနှစ်ယောက်တွင် အကြောင်းပြချက်ခိုင်ခိုင်လုံလုံရှိသည်။ သူတို့က ဤကိစ္စအတွက် အချိန်အတော်ကြာမျှပြင်ဆင်ခဲ့ခြင်း၊ သို့မဟုတ် တစ်စုံတစ်ယောက်က ဤကိစ္စ၏အဆုံးသတ်တွင် ဝင်စွက်ဖက်လိုက်သဖြင့် သူ၏ယခင်ဘဝ၌ အခြေအနေပြောင်းလဲသွားခြင်းဖြစ်လောက်သည်။

ပြန်လည်မွေးဖွားပြီးနောက် ထင်ပေါ်ကျော်ကြားခြင်းWhere stories live. Discover now