30

7.5K 1K 10
                                    

သခင်လေးက ကွန်ဖူးသင်ချင်နေတာလား။
.....................................................

လင်းကျန်က နောက်ရက်အရုဏ်တက်ချိန်တွင် နိုးလာသည်။

မနေ့ညက သူကောင်းကောင်း အိပ်မပျော်ခဲ့ပေ။ သူမျက်လုံးပိတ်လိုက်တိုင်းတွင် ယခင်ဘဝအကြောင်းများကိုသာ ပြန်တွေးမိသည်။ သူအိပ်ပျော်သွားမိတိုင်းတွင် သူယခုရရှိထားသည်များက အိပ်မက်တစ်ခုမျှသာဖြစ်ပြီး ပြန်နိုးလာပါက အားလုံးဆုံးရှုံးသွားမည်ကို ကြောက်လန့်၍ ချက်ချင်းပြန်နိုးလာတတ်သည်။

ယခင်ညတွင် ဤသို့အကြိမ်အနည်းငယ်မျှ ဖြစ်ပျက်ခဲ့ရာ ယခုအခါတွင် သူလုံးဝပင်ပန်းနွမ်းနယ်နေသည်။ သူသာ အိပ်ရာမဝင်ခဲ့လျှင် ဤမျှပင်ပန်းမည်မဟုတ်ဟုပင် တွေးမိသည်။

သူကြက်အိပ်ကြက်နိုးဖြစ်တိုင်းတွင် ပထမဆုံးလုပ်ဆောင်သည်က သူ့ဘေး၌မောက်မောက် ရှိနေသေးသလားဟု ထစမ်းခြင်းပင်။ ပြီးနောက်တွင်မှ သူစိတ်အေးရသည်။

ကောင်ကလေးလင်းမောက်မောက်က ဝက်ပေါက်ကဲ့သို့ အိပ်မောကျနေသည်။ သူက သူ့အစ်ကိုကြီး ထပ်ကာထပ်ကာ လူးလှိမ့်နေကြောင်း လုံးဝမသိပေ။ မောက်မောက်ထံမှ ဖြာထွက်လာသည့် အပူချိန်က လင်းကျန်၏စောင်အားနွေးစေသည်။ ယခုအချိန်တွင် လင်းမောက်မောက်က လင်းကျန်၏လက်မောင်းပေါ်ခေါင်းအုံးကာ လင်းကျန်၏ ခါးပေါ်သို့ ခြေထောက်ပစ်တင်ထားပြီး လင်းကျန်၏ရင်ဘတ်ကိုလည်း မြဲမြံစွာဖက်ထားသည်။ သူက လောကကြီးအားလစ်လျူရှုထားသည်။

လင်းကျန်၏ လင်းမောက်မောက်၏ဆံပင်ခွေများအား ဘေးတစ်စောင်းကြည့်ကာ ဂရုတစိုက် ပွတ်သပ်လိုက်သည်။ သူ့မျက်ဝန်းများထဲမှ စိတ်ညှိုးငယ်မှုမှာ အနွေးဓာတ်ဖြင့် တဖြည်းဖြည်းအစားထိုးခံလိုက်ရသည်။

လင်းမောက်မောက်သာမရှိပါက ယခင်ညတွင် သူအိပ်ပျော်နိုင်ခဲ့မည်ဟုပင် မထင်ချေ။

သူလင်းမောက်မောက်အား ခန္ဓာကိုယ်ပေါ်မှ ညင်သာစွာခွာကာ အိပ်ရာထလိုက်သည်။ ထို့နောက် လင်းမောက်မောက်၏ အနေအထားအား ပြင်ကာ စောင်ခြုံပေးလိုက်သည်။ သူက လင်းမောက်မောက်၏မျက်နှာလေးအား ညှစ်ပြီးမှ ထွက်လာခဲ့သည်။

ပြန်လည်မွေးဖွားပြီးနောက် ထင်ပေါ်ကျော်ကြားခြင်းWhere stories live. Discover now