ပျားရည်ထောင်ချောက်
.............................'တစ်စုံတစ်ယောက်က သူ့ဦးလေးကို တစ်ခုခုလုပ်တော့မှာလား။'
လင်းကျန် ချက်ချင်းမျက်မှောင်ကြုတ်မိသည်။
သူ့အရှေ့မှ ယွီဝမ်ထုန်က ဆတ်ခနဲလက်ဆန့်လိုက်ကာ သူ့မျက်ခုံးနှစ်ဖက်ကြားကို လက်ချောင်းဖြင့်လာထောက်သည်။ "ဘာတွေ ကြောက်နေတာလဲ။ ကိုယ်ဒီအကြောင်းသိနေမှတော့ သူ့ကို ဘာမှဖြစ်ခွင့်ပေးမှာမဟုတ်ပါဘူး။"
လင်းကျန် မှင်တက်သွားကာ အနည်းငယ်နောက်ဆုတ်လိုက်သည်။ သူက ယွီဝမ်ထုန်၏လက်ကို တွန်းထုတ်ကာ ကသိကအောက်မျက်နှာထားလုပ်ထားသည်။ "ဒါဆို နေ့လည်စာသွားစားရအောင်။"
ယွီဝမ်ထုန်က လင်းကျန် ကသိကအောက်ဖြစ်နေပုံကို မမြင်ဟန်ဆောင်၍ လက်ပြန်ဆုတ်လိုက်သည်။
လင်းရှင်းကျုံမှာ လင်းကျန်နှင့်ယွီဝမ်ထုန်တို့ အတူလမ်းလျှောက်လာသည်ကို တွေ့သောအခါ သူ့မြေး၏ဆုံးဖြတ်ချက်အတွက် ထပ်မံဝမ်းနည်းမိသည်။
'သူတို့က ဒီလောက်လိုက်ဖက်တာကို လင်းကျန်က စေ့စပ်ထားတာနဲ့ပက်သက်ပြီး ဘာကြောင့်မကြိုက်ရတာလဲ။'
သူ့အဖေဝမ်းနည်းနေပုံကိုကြည့်ကာ လင်းကျောက်ဝမ် အကူအညီမဲ့နေမိသည်။ သူ့အဖေက ယွီဝမ်ထုန်အား အလွန်ကျေနပ်နေမည်ဟု သူ မမျှော်လင့်ထားပေ။
နေ့လယ်စာစားနေစဉ်အတွင်းတွင် အသက်ဝင်လှုပ်ရှားနေသော်လည်း အခြေအနေမှာ ယခင်ကနှင့်မတူပေ။ ဤသို့ပြောင်းလဲသွားရသည့် အကြောင်းရင်းကို လင်းမောက်မောက်မှလွဲ၍ လူတိုင်းသိကြသည်။
*****
"ဘာဖြစ်နေတာလဲဆိုတာ အခုပြောလို့ရပြီလား။" လင်းကျန်က အရှေ့ဘက်ခန်းမမှ ထွက်လာပြီးနောက်မေးသည်။
"ကျားကျုံးက မင်းရဲ့ဦးလေးကို ပျားရည်ထောင်ချောက်နဲ့ အမှုဆင်ဖို့လုပ်နေတယ်။" ယွီဝမ်ထုန်ကပြောသည်။
"ပျားရည်ထောင်ချောက်လား။" လင်းကျန် မယုံကြည်နိုင်ပေ။ "ကျွန်တော့်ဦးလေးနဲ့ အဒေါ်က တစ်ယောက်ကိုတစ်ယောက် မေတ္တာစစ်နဲ့ချစ်ကြတာ။ သူတို့ လက်ထပ်ထားတာ နှစ်တော်တော်ကြာပြီ။ ကျွန်တော့်ဦးလေးက တခြားအမျိုးသမီးတစ်ယောက်ကို သမင်လည်ပြန်မကြည့်ဖူးဘူး။ ကျွန်တော့်ဦးလေးကို စံပြမယားကြောက်ခင်ပွန်းလို့တောင် လူတစ်ချို့ကပြောကြတယ်။ ထန်းယန်က လူအားလုံးဒါကိုသိတယ်။ အဲ့ဒါကို ကျားကျုံးက ဘယ်လိုလုပ်ပျားရည်ထောင်ချောက် ဆင်နိုင်မှာလဲ။"
YOU ARE READING
ပြန်လည်မွေးဖွားပြီးနောက် ထင်ပေါ်ကျော်ကြားခြင်း
Historical Fictionစေ့စပ်မှုဖျက်သိမ်းသည့်စာတစ်စောင်က ထန်းယန်မှ လင်းမိသားစုအား အဆုံးမဲ့ကြမ္မာဆိုးဝင်စေသည်။ သူ ဟူသည့် လင်းကျန်က ခြေထောက်များရက်စက်စွာအချိုးခံရပြီးနောက် သေသည်အထိ ညှင်းပန်းနှိပ်စက်ခံခဲ့ရသည်။ ယခုပြန်လည်မွေးဖွားလာပြီးနောက် သူ့မိသားစုအတွက် ဂုဏ်ကျက်သရေယူဆောင်...