ရန်သူနှစ်ဦး အမှတ်မထင်တွေ့ဆုံခြင်း
.............................................အရိုက်ခံလိုက်ရသူမှာ တည်ဆောက်ပြုပြင်ရေးလုပ်ငန်းများကို အဓိကတာဝန်ယူထားရသည့် အရာရှိလင်ယွမ်ပင်။ သူက လင်းကျောက်ဝမ်၏ အရည်အချင်းအရှိဆုံး လက်အောက်ငယ်သားများထဲမှ တစ်ယောက်လည်းဖြစ်သည်။
လင်းကျန်အား သတိပေးပြီးနောက် လင်းကျောက်ဝမ်က လင်ယွမ်ထံ သွားကြည့်ရန်ရည်ရွယ်ထားသည်။
လင်ယွမ်အား ရိုက်နှက်ခဲ့ကြသူများမှာ ကျားမိသားစုမှလူများဖြစ်သော်လည်း သူတို့ထိုသို့လုပ်ရသည့်အကြောင်းရင်းမှာ လင်းမိသားစုအပေါ်မုန်းတီးမှုကြောင့်ဖြစ်ရာ လင်းကျောက်ဝမ်တွင် သွားကြည့်ရန်တာဝန်ရှိသည်။
"ဦးလေး။ ကျွန်တော်လည်း လိုက်ခဲ့လို့ရလား။"
လင်းကျန်က အနည်းငယ်စိုးရိမ်နေသည်။ လင်မိသားစု၏နေအိမ်က မြို့အရှေ့ဘက်ပိုင်းတွင်ရှိရာ လမ်းတွင်ကျားမိသားစုမှလူများနှင့် တွေ့နိုင်ခြေများသည်။
"မစိုးရိမ်ပါနဲ့။ငါနဲ့အတူ လူတစ်ချို့ကိုခေါ်သွားမယ်။"
"ကျွန်တော်တို့ကြောင့်သာ ကြီးကြပ်ရေးမှူးလင်က အရိုက်ခံရတာဆိုတော့ ကျွန်တော်အတူလိုက်ခဲ့သင့်တယ်။ သူ့ကိုလာတွေ့တဲ့လူပိုများလေလေ သူ့အတွက် ပိုနှစ်သိမ့်မှုပေးလိမ့်မယ်။"
လင်းကျောက်ဝမ်ကပြုံးသည်။ သူ့အတွက် သူ့တူမှဤသို့ပြုလုပ်ရန် လုံးဝမလိုအပ်ဟု သူယူဆသော်လည်း လင်းကျန်၏စိတ်ရင်းနှင့်စိတ်ပူပေးမှုအပေါ် သူသဘောကျမိသည်။ "ကောင်းပြီ၊ ဒါဆိုလည်း သွားကြတာပေါ့။"
"ဖေဖေနဲ့အစ်ကိုကြီးတို့ ဘယ်သွားကြမလို့လဲ။ ကျွန်တော်လည်း လိုက်ချင်တယ်။" ယခုလေးတင်မှ ကျောင်းကပြန်လာသော လင်းမောက်မောက်က သူတို့၏ပြောစကားကို နားစွန်နားဖျားကြားကာ အတူလိုက်ချင်သည်ဟု အော်ပြောသည်။
"ဣန္ဒြေရရနေစမ်း။ ဖေဖေနဲ့မင်းရဲ့အစ်ကိုကြီးက ရုံးကိစ္စတစ်ချို့ကို သွားဖြေရှင်းမလို့။" လင်းကျောက်ဝမ်က မျက်နှာကြော တင်းထားသည်။
CITEȘTI
ပြန်လည်မွေးဖွားပြီးနောက် ထင်ပေါ်ကျော်ကြားခြင်း
Ficțiune istoricăစေ့စပ်မှုဖျက်သိမ်းသည့်စာတစ်စောင်က ထန်းယန်မှ လင်းမိသားစုအား အဆုံးမဲ့ကြမ္မာဆိုးဝင်စေသည်။ သူ ဟူသည့် လင်းကျန်က ခြေထောက်များရက်စက်စွာအချိုးခံရပြီးနောက် သေသည်အထိ ညှင်းပန်းနှိပ်စက်ခံခဲ့ရသည်။ ယခုပြန်လည်မွေးဖွားလာပြီးနောက် သူ့မိသားစုအတွက် ဂုဏ်ကျက်သရေယူဆောင်...