နန်းတော်ဝင်ပေါက်မှ အနှောင့်အယှက်
..............................................နန်းတော်၏ဝင်ပေါက်တွင် လူများ၊ မြင်းရထားလုံးများ ကြိတ်ကြိတ်တိုးနေသည်။ နန်းတော်ဘက်မှမီးအိမ်အားလုံး ထိန်ညီးနေရာ အနီးအနားတွင် နေ့တာမကုန်သေးသကဲ့သို့ လင်းထိန်နေသည်။ ယနေ့ညတွင် ယွီဝမ်ထုန်အတွက်ကြိုဆိုပွဲရှိသည်။ အံ့ဩစရာကောင်းသည်မှာ ရာထူးအသီးသီးမှ အရာရှိများ၊ ဂုဏ်သရေရှိဧည့်သည်များကိုဖျော်ဖြေမည့် အနုပညာသည်များအပြင် တိုင်းတစ်ပါးပုံစံဝတ်စားထားသည့်လူအုပ်စုလည်း ရှိနေသည်။
ယွီဝမ်ထုန်နှင့်လင်းကျန်က ရထားလုံးထဲတွင် ထိုင်နေသည်။ ယွီဝမ်ထုန်က လိုက်ကာကိုမကာ အပြင်ဘက်သို့ကြည့်လိုက်သည်။ ဤလူများကိုမြင်သောအခါ သူ့အကြည့်များရွှင်မြူးသွားသည်။
"ခင်ဗျား ဘာတွေကြည့်နေတာလဲ။"
လင်းကျန်ထိုင်နေသောနေရာမှ အပြင်ဘက်သို့မမြင်ရသဖြင့် ယွီဝမ်ထုန်ဘာကြည့်နေသလဲဆိုသည်ကို မသိသော်လည်း တစ်ဖက်လူ၏ ကျီစယ်လိုသည့်အကြည့်အရ ယွီဝမ်ထုန်၏ရင်ခေါင်းထဲတွင် ပရိယာယ်အပြည့်ရှိနေမည်ဟု ယုံကြည်သည်။
"ဝမ်ပြည်ထောင်စုကအရူးတွေ ဒီမြို့တော်ထဲမှာ ရှိနေသေးတယ်။ ဒီကြိုဆိုပွဲက ကိုယ့်အတွက်မှန်း သိတာတောင် သူတို့ကမျက်နှာပြောင်ပြောင်နဲ့ လာသေးတယ်။ သူတို့တွေက သင်ခန်းစာနောက်တစ်ခုရတော့မဲ့ပုံပဲ။"
ယွီဝမ်ထုန်က ကိုယ်အပေါ်ပိုင်းကို ဘေးရို့ကာ နန်းတော်တံခါးနားမှလူအုပ်စုအား ညွှန်ပြသည်။ လင်းကျန်ကခါးကိုင်း၍ကြည့်ပြီးနောက် အံဩသွားပုံဖြင့်မေးသည်။ "သူတို့က ဘယ်လိုလုပ်ရှိနေသေးတာလဲ။"
"သူတို့တွေက ကိုယ်တို့ရဲ့မြို့တော်မှာ အချိန်ဆွဲနေပြီး ဘာအကွက်ချနေလဲဆိုတာ ဘယ်သူသိမလဲ။ သူတို့တွေက ကိုယ်နဲ့သိပ်အစေးမကပ်ဘူး။ သူတို့တွေက ညစ်ညစ်ပတ်ပတ်ပရိယာယ်တွေ လုပ်ဖို့များတယ်။ အထဲကိုရောက်ရင် ကိုယ့်အနားမှာပဲနေနော်။" ယွီဝမ်ထုန်က မှာသည်။
"ဒါက ကြီးမြတ်သောယွဲ့တိုင်းပြည်ရဲ့ မြို့တော်လေ။ လူတွေအများကြီးရှိနေတဲ့ဟာ၊ သူတို့တွေ ဘာမှရူးရူးမိုက်မိုက်လုပ်ရဲမှာမဟုတ်ပါဘူး။" လင်းကျန်က ထင်ကြေးပေးသည်။
YOU ARE READING
ပြန်လည်မွေးဖွားပြီးနောက် ထင်ပေါ်ကျော်ကြားခြင်း
Historical Fictionစေ့စပ်မှုဖျက်သိမ်းသည့်စာတစ်စောင်က ထန်းယန်မှ လင်းမိသားစုအား အဆုံးမဲ့ကြမ္မာဆိုးဝင်စေသည်။ သူ ဟူသည့် လင်းကျန်က ခြေထောက်များရက်စက်စွာအချိုးခံရပြီးနောက် သေသည်အထိ ညှင်းပန်းနှိပ်စက်ခံခဲ့ရသည်။ ယခုပြန်လည်မွေးဖွားလာပြီးနောက် သူ့မိသားစုအတွက် ဂုဏ်ကျက်သရေယူဆောင်...