နှစ်ယောက်သားတယောက်မျက်လုံးထဲတယောက်အဖြေရှာနေရာကနေ တဖြည်းဖြည်းသူ့မျက်နှာဆီတိုးကပ်လာတဲ့ဂျောင်းကုကြောင့်
ထယ်ယောင်းဘာလုပ်ရမှန်းမသိတုန့်တုန့်မှမလှုပ်နိုင်ပဲကျောက်ရုပ်တရုပ်လိုဖြစ်နေသည်
ဂျောင်းကုနှုတ်ခမ်းတွေသူ့နှုတ်ခမ်းတွေဆီဦးတည်နေတာထယ်ယောင်းသိပေမယ့် သူမငြင်းနိုင်ခဲ့
သူလဲဂျောင်းကုအနမ်းတွေကိုလိုချင်သည်
ထယ်ယောင်းသတိလက်လွတ်ဖြစ်ပြီး
မျက်လုံးတွေမှိတ်ပြစ်လိုက်သည်
ဂျောင်းကုပြုံးလိုက်မိသည်
သူ့ရှေ့ကကောင်လေးကသူ့အနမ်းတွေကိုလက်ခံမည်ပေါ့ မျက်လုံးလေးတောင်မှိတ်ထားသေး နှုတ်ခမ်းသားနှစ်ခုထိလုဆဲဆဲအချိန်မှာပဲ"ဒွီ ဒွီ ဒွီ"
ထယ်ယောင်းသတိဝင်လာပြီးမျက်လုံး
အလျှင်အမြန်ဖွင့်လိုက်တော့ဂျောင်းကုက
သူ့ဖုန်းကိုကြည့်နေသည် ထယ်ယောင်းရှက်သွားပြီး
ဂျောင်းကုကိုကျောပေးပြစ်လိုက်သည်
ဂျောင်းကုဖုန်းကိုင်လိုက်သည်"အွန်း ဟျောင်း"
"ယား ဂျောင်းကုရ မင်းဘယ်မှာလဲ ငါရောက်နေတာကြာလှပြီ"
"အာ sorry ဟျောင်း
ကျွန်တော်မလာနိုင်တော့ဘူးထင်တယ်
ဟိုအတွဲမျက်စိနောက်တာသာခံပေတော့""ယား ဟေ့ကောင်နေအုံး"
ဂျောင်းကုဖုန်းချပြစ်လိုက်သည်
ဘေးကဟာလေးကလဲရှက်ပြီးသူ့ကိုကျောပေးထားသည် ဂျောင်းကုအသဲယားလှသည်"ထ သွားမယ်"
ဂျောင်းကုပြောလိုက်တော့မှ အရှက်ပိုနေတာလေးကသူ့ကိုမျက်လုံးလေးလှန်ပြီးမော့ကြည့်လာသည်
"ဘယ်လဲ"
"ရောက်ရင်သိလိမ့်မယ်"
ပြောပြီးဂျောင်းကု ထယ်ယောင်းလက်ကိုဆွဲပြီး
ဆိုင်ကယ်ဆီပြန်လာခဲ့သည်"ဘယ်သွားမှာလဲ"
"ဘာဖြစ်လို့ဇွတ်မေးနေတာလဲ"
"ဟို သိချင်လို့ပါ"
"ဟဟ ရောက်ရင်သိလိမ့်မယ်"
ပြောပြီးဆိုင်ကယ်အရှိန်မြှင့်မောင်းလိုက်သည်
ဆိုင်ကယ်ရပ်တော့ထယ်ယောင်းဘေးဘီဝဲယာကြည့်ပြီး
YOU ARE READING
BECAUSE of you Jeon[Completed]
Fanfiction"ကိုယ်တို့ဆောင်းဦးရောက်တိုင်း ဒီလိုအတူလမ်းလျှောက်ကြမယ်နော်" "ကျွန်တော် ဂျွန်ဂျောင်းကုသည် ကင်မ်ထယ်ယောင်းအား ပျော်ရွှင်သည်ဖြစ်စေ ဝမ်းနည်းသည်ဖြစ်စေ ချမ်းသာသည်ဖြစ်စေ ဆင်းရဲသည်ဖြစ်စေ ကျန်းမာသည်ဖြစ်စေ မကျန်းမာသည်ဖြစ်စေ နောက်ဆုံးအချိန်တွေအထိသက်ဆုံးတိုင်ချစ...