"ဒွီ ဒွီ ဒွီ ဒွီ"
ဖုန်းအဆက်မပြတ်မြည်နေသံကြောင့် ဂျီမင်း
မျက်လုံးမဖွင့်နိုင်ပေမယ့်
လက်သူ့ဘေးဘယ်ညာကိုလက်နဲ့လိုက်စမ်းကြည့်နေသည် အမှတ်မထင်သူ့လက်နဲ့ထိမိလိုက်တဲ့အရာကြောင့်
ဂျီမင်းမျက်လုံးကိုဖြည်းဖြည်းချင်း
အားယူဖွင့်ကြည့်လိုက်သည်
ရုတ်တရက်သူမြင်လိုက်ရတာက
ယွန်းဂီမျက်နှာပင်
သူ့လက်နဲ့ထိမိထားတာကယွန်းဂီရင်ဘက်
ဂျီမင်းလန့်ပြီးအော်လိုက်မိသည်
လန့်မယ်ဆိုလန့်လောက်တဲ့အနေထားပင်
ယွန်းဂီကိုယ်ပေါ်မှာလဲအင်္ကျီမပါသလိုသူ့ကိုယ်သူငုံ့ကြည့်တော့လဲအင်္ကျီမပါပြန်ဘူး"အား း း း း း"
ငယ်သံပါအောင်ထအော်တဲ့ဂျီမင်းအသံကြောင့်
ယွန်းဂီပင်လန့်ပြီး နိုးလာရသည်"ဘာ ဘာ ဖြစ်လို့လဲ"
အိပ်ချင်မူးတူးနဲ့ယွန်းဂီမေးလိုက်တော့မှ
"ခင်ဗျား ကျွန်တော့်ကိုဘာလုပ်လိုက်တာလဲ"
"ဟာကွာ ဘာလဲလို့"
ယွန်းဂီ စိတ်ညစ်သွားတဲ့မျက်နှာနဲ့
မျက်လုံးပြန်မှိတ်ပြီးအိပ်ယာပေါ်ပြန်ပြစ်လှဲချပြီးအိပ်နေလိုက်သည်
သူ့ကိုဘာမှပြန်မဖြေပဲပြန်အိပ်သွားသူကြောင့်
ဂျီမင်ကြောင်တောင်တောင်ဖြစ်သွားရသည်
ဂှီမင်း ယွန်းဂီလက်ကိုပုတ်ပြီး"ဒီမှာ ဒီမှာ ထပါအုံး ဒီမှာ"
ဂျီမင်းခေါ်နေပေမယ့်မကြားချင်ယောင်ဆောင်နေတဲ့လူကြောင့်ဒေါသပင်ထွက်သွားရသည်
"ယား ခင်ဗျားကိုခေါ်နေတယ်လေ ဘယ်လိုလူလဲ"
ယွန်းဂီနားပူနားဆာလုပ်နေတဲ့ဘေးနားကနဂျီကောင်လေးကြောင့် ထထိုင်လိုက်ပြီး
"ဘာလဲပြောကွာ"
"ဟို ညကဘာဖြစ်တာလဲလို့"
ယွန်ဂီတချက်မျက်မှောင်ကြုတ်လိုက်ပြီးမှ
"ဘာကို ဘာဖြစ်ရမှာလဲ"
ဂျီမင်း စောင်အနားကိုအသာကိုယ်ပေါ်ဆွဲတင်ပြီးမှ
"အဲ့ဒါက ဟိုဟာ ဘာအမှားမှမဖြစ်ခဲ့ဘူးမလား
ကျွန်တော်တို့"
YOU ARE READING
BECAUSE of you Jeon[Completed]
Fanfiction"ကိုယ်တို့ဆောင်းဦးရောက်တိုင်း ဒီလိုအတူလမ်းလျှောက်ကြမယ်နော်" "ကျွန်တော် ဂျွန်ဂျောင်းကုသည် ကင်မ်ထယ်ယောင်းအား ပျော်ရွှင်သည်ဖြစ်စေ ဝမ်းနည်းသည်ဖြစ်စေ ချမ်းသာသည်ဖြစ်စေ ဆင်းရဲသည်ဖြစ်စေ ကျန်းမာသည်ဖြစ်စေ မကျန်းမာသည်ဖြစ်စေ နောက်ဆုံးအချိန်တွေအထိသက်ဆုံးတိုင်ချစ...