"သားရေ... ထယ်ယောင်းလေး...
မထသေးဘူးလား..."မေ့မေ့ခေါ်သံထယ်ကြားပေမယ့် ညကစာဖတ်တာများသွားလို့ မျက်လုံးဖွင့်လို့မရဖြစ်နေတဲ့ထယ်ယောင်းရယ်ပါ
"ထယ်ယောင်းလေး မနေ့ကပြောတာ interviewသွားဖြေ
စရာရှိတယ်ဆို ထတော့လေ""အင်း....အွန်း ...ထပြီမေမေ ထယ်ထပြီ"
မျက်တောင်ရှည်ရှည်စိပ်စိပ်စဉ်းစဉ်းလေးတွေကြားကနေပေါ်ထွက်လာတဲ့မျက်လုံးကြည်ကြည်လေးဆီကို
ပြတင်းပေါက်က နေရောင်ကြောင့်
ထယ်တချက်လက်နဲ့ကာလိုက်သည်
လိုက်ကာလေးကိုလှပ်ပြီး နေ့သစ်ရဲ့မနက်ခင်းအလှအပလေးရှုစားရင်းအိပ်ချင်စိတ်ပြေအောင်
အကြောဆန့်လိုက်သည်"အာ ဒီနေ့interviewဖြေတာအဆင်ပြေ
ရင်ကောင်းမှာပဲ ဟူး"အင်တာဗြူးအကြောင်းတွေးရင်း ထယ်ယောင်း
တယောက်စိတ်လှုပ်ရှားစွာနဲ့
ရေချိုးခန်းဘက်သိုခြေထောက်ကိုဦးတည်ခဲ့လေသည်
ရေချိုးပြီး အဖြူရောင်shirtလက်ရှည်ကို
အောက်ကstyle pant ခဲရောင်လေးနဲ့
တွဲဝတ်ကာ မှန်ထဲကိုရှေ့နောက်လှည့်ပတ်ကြည့်နေမိတယ်
ခုနdryerနဲ့မှုတ်ထားတဲ့ဆံပင်အုပ်အုပ်လှိုင်းကောက်
မတိုမရှည်လေးကို သေသပ်စွာဖြီးပြီး
စားပွဲပေါ်ကကျောပိုးအိတ်ဆွဲပြီးအိပ်ခန်းအပြင်ထွက်လာလိုက်တော့သည်"မေမေ သားသွားရတော့မယ်"
မျက်လုံးကြည်ကြည်လေးနဲ့ အပြုံးချိုချိုလေးနဲ့
ထယ်ယောင်းတစ်ယောက်သူ့အတွက်မနက်စာပြင်ပြီးစားပွဲမှာထိုင်စောင့်နေတဲ့သူ့အမေကိုချွဲပြနေသေးသည်"မနက်စာစားသွားရမှာပေါ့သားရယ်
နောက်မကျသေးပါဘူး မေမေသားကို
စောင့်နေတာလာစားရအောင်"ထယ်ယောင်းသူ့အမေစကားကိုကြားပြီး မစားပဲမနေလို့မရတော့ပါ ခုံမှာဝင်ထိုင်လိုက်ပြီး
"ဖေဖေရော ဆိုင်သွားပြီလားမေမေ"
ထယ်ယောင်းသူ့ရှေ့မှာရှိတဲ့ အမဲစွပ်ပြုတ်
ဟင်းရည်လေးတစွန်းခပ်သောက်ပြီးမေး
လိုက်သည်"ခုနပဲထွက်မနက်စာစားပြီး ထွက်သွားတယ်သား
သားကိုလဲစာကြည့်တိုက်မှာ
အရမ်းနောက်ကျအောင်မနေပါနဲ့တဲ့"
YOU ARE READING
BECAUSE of you Jeon[Completed]
Fanfiction"ကိုယ်တို့ဆောင်းဦးရောက်တိုင်း ဒီလိုအတူလမ်းလျှောက်ကြမယ်နော်" "ကျွန်တော် ဂျွန်ဂျောင်းကုသည် ကင်မ်ထယ်ယောင်းအား ပျော်ရွှင်သည်ဖြစ်စေ ဝမ်းနည်းသည်ဖြစ်စေ ချမ်းသာသည်ဖြစ်စေ ဆင်းရဲသည်ဖြစ်စေ ကျန်းမာသည်ဖြစ်စေ မကျန်းမာသည်ဖြစ်စေ နောက်ဆုံးအချိန်တွေအထိသက်ဆုံးတိုင်ချစ...