ဂျွန်...
ဒီအတောအတွင်းမင်းဘေးမှာနေခဲ့ရတာ
ငါပျော်ခဲ့ရပါတယ်
မင်းအချစ်တွေအတွက်လဲ
ငါမင်းကိုအရမ်းကျေးဇူးတင်ပါတယ်
မင်းနဲ့မင်းအချစ်တွေကို
ငါဘယ်တော့မှမေ့မှာမဟုတ်ပါဘူးဂျွန်
ငါ့ဘဝရှေ့ရေးအတွက်
ဒီထက်ကောင်းမယ့်နေရာကို ငါထွက်သွားတော့မယ် ဂျွန်
ငါ့ကိုမေ့ပစ်ပြီး မင်းဘဝကိုအကောင်းဆုံးရှင်သန်သွားပါ
ငါမင်းနားကိုဘယ်တော့မှ ပြန်မလာဖြစ်တော့ဘူးဆိုတာသေချာနေပြီမလို့
နှုတ်ဆက်ပါတယ် ဂျွန်
ထယ်ယောင်းဂျောင်းကု စာကိုဖတ်ကြည့်ပြီး အခန်းထဲကနေတဟုန်ထိုးပြေးထွက်သွားခဲ့သည်
ကားကိုအရှိန်နဲ့မောင်းထွက်လာခဲ့ပြီး
ထယ်ယောင်းဆီကိုဖုန်းဆက်တိုက်ခေါ်နေခဲ့သည်
မျက်ရည်တွေကလဲ အတားအဆီမဲ့စွာကျဆင်းနေသည်"ယောင်း အဲ့လိုမလုပ်ပါနဲ့ ဖုန်းကိုင်ပါ
ယောင်းရေကျေးဇူးပြုပြီးပါ"ဂျောင်းကု ကားစီယာတိုင်ကိုလဲ လက်နဲ့တဗုန်းဗုန်း
ထုရိုက်နေသည် သူ့စိတ်တွေယောက်ယက်ခတ်နေတုန်း
ဟိုဆော့ဆီကဖုန်းဝင်လာခဲ့သည်"ဟယ်လို ဂျောင်းကု ခုထယ်ယောင်းကမင်းနဲ့အတူရှိနေလား"
"မရှိဘူး ဟျောင်း ယောင်းက ယောင်းကထွက်သွားတယ်"
"ငါခု ထယ်ယောင်းထားခဲ့တဲ့အလုပ်ထွက်စာတွေ့လို့"
"ဟာကွာ တောက် ယောင်းဘာတွေလုပ်နေလဲ
ကျွန်တော်မသိတော့ဘူး ဟျောင်း
ခုလဲကျွန်တော့်ကိုစာတစောင်နဲ့ထားခဲ့တာ""ဟေ ထယ်ယောင်းကလား"
"ဟျောင်း ဟိုဘိုဂန်ဆိုတဲ့လူကိုခုသွားရှာပြီးမေးပေးပါ"
"အော် အေး ငါစုံစမ်းလိုက်မယ်"
ဂျောင်းကု ဖုန်းချပြစ်လိုက်ပြီး
ယွန်းဂီဆီဖုန်းခေါ်လိုက်သည်"ဟယ်လို ဟျောင်း"
"ဘာလဲ ဂျောင်းကု"
"ဂျီမင်းဆီ ဖုန်းဆက်မေးပေးပါ ထယ်ယောင်းဘယ်မှာရှိလဲဆိုတာ"
"အော် အေး"
ဂျောင်းကု ထယ်ယောင်းဆီပဲဖုန်းဆက်ခေါ်
နေသည် ဖုန်းဆက်ပိတ်ထားသည်
YOU ARE READING
BECAUSE of you Jeon[Completed]
Fanfiction"ကိုယ်တို့ဆောင်းဦးရောက်တိုင်း ဒီလိုအတူလမ်းလျှောက်ကြမယ်နော်" "ကျွန်တော် ဂျွန်ဂျောင်းကုသည် ကင်မ်ထယ်ယောင်းအား ပျော်ရွှင်သည်ဖြစ်စေ ဝမ်းနည်းသည်ဖြစ်စေ ချမ်းသာသည်ဖြစ်စေ ဆင်းရဲသည်ဖြစ်စေ ကျန်းမာသည်ဖြစ်စေ မကျန်းမာသည်ဖြစ်စေ နောက်ဆုံးအချိန်တွေအထိသက်ဆုံးတိုင်ချစ...