ထယ်ယောင်းနဲ့ဂျောင်းကု
နောက်ကျမှဟိုတယ်ကိုပြန်လာခဲ့ကြတယ်
ဂျီမင်းပင်ပြန်ရောက်ပြီးအိပ်နေလေပြီ
မနက်လင်းတော့ မထစဖူး ဂျီမင်းက၇နာရီလောက်မှထပြီး ပြင်ဆင်နေသည် ထယ်ယောင်းပါနိုးလာပြီး"မင်နီ အစောကြီးထပြီးဘယ်သွားမလို့လဲ"
"ထယ်ယောင်း ထတော့လေ ၇နာရီတောင်ထိုးပြီ"
"ဟေ မင်းဘယ်တုန်းကဒီချိန်ထဖူးလို့လဲ"
"ဟီးဟီး ငါ ဟိုလူကြီးနဲ့လျှောက်သွားဖို့ပြောထားလို့လေ"
"နေပါအုံး မင်းတို့ကခုထဲကအဆင်ပြေနေကြပြီပေါ့လေ ဟုတ်လား"
"ဟီး အဲ့လိုပါပဲ အဲ့လူကြီးက အေးတိအေးစက်နဲ့လို့ထင်ရပေမယ့် သဘောတော့ကောင်းပါတယ်
မနေ့ကလဲနောက်ကျတဲ့ထိ
ငါသွားချင်တဲ့နေရာတွေလိုက်ပို့ပေးတယ်
ဓာတ်ပုံတွေတောင်ရိုက်ပေးသေး ဒီမှာကြည့်"ဂျီမင်း ထယ်ယောင်းကိုသူ့ကို လျှောက်လည်တုန်းက ယွန်းဂီရိုက်ပေးထားတဲ့ပုံတွေကြွားနေလေသည်
"တော်သေးတာပေါ့ ယွန်းဂီဟျောင်းရှိလို့ မဟုတ်ရင်
မင်းကိုငါတယောက်ထဲပျင်းနေမှာစိုးနေတာ
ဒါနဲ့ဒီနေ့ရောသွားကြအုံးမှာလဲ""အွန်း သွားရမယ့်နေရာတွေရှိသေးတယ်လေ"
"ဟဟ ဟုတ်ပါပြီကွာ ပျော်ပျော်နေခဲ့သူငယ်ချင်းလေ"
"ဒါနဲ့ မင်းတို့ကရော ရိုက်ကူးရေးကမပြီးသေးဘူးလား ငါတို့တူတူလျှောက်လည်ရအောင်လေ"
"ဒီအပတ်အပြီးသတ်ရိုက်မှာလို့ပြောတာပဲ"
ထယ်ယောင်းအိပ်ယာပေါ်ကထသွားပြီး
ရေချိုးခန်းထဲဝင်သွားသည်
ဂျီမင်းကတော့အဝတ်စားရွေးရင်းအလုပ်ရှုပ်နေလေသည်
အရင်နေ့ကအတိုင်း ၄ယောက်စုံပြီးမနက်စာစားကြသည် စားပြီးခါနီးမှ ယွန်းဂီဆီကစကားတခုကြောင့်
ထယ်ယောင်းရောဂျောင်းကုရော ကြောင်အသွားရသည်"မင်းတို့တွဲနေကြတာဆို"
ယွန်းဂီ ဂျောင်းကုကိုတလှည့်
ထယ်ယောင်းကိုတလှည့်ကြည့်ပြီးမေးလာသည်"အာ ဟျောင်း ဘယ်လိုသိတာလဲ"
ဂျောင်းကု သူ့ဂုတ်ကိုပွတ်ပြီး
ရှက်သလိုမျက်နှာထားနဲ့ယွန်းဂီကိုပြန်မေးလိုက်သည်
YOU ARE READING
BECAUSE of you Jeon[Completed]
Fanfiction"ကိုယ်တို့ဆောင်းဦးရောက်တိုင်း ဒီလိုအတူလမ်းလျှောက်ကြမယ်နော်" "ကျွန်တော် ဂျွန်ဂျောင်းကုသည် ကင်မ်ထယ်ယောင်းအား ပျော်ရွှင်သည်ဖြစ်စေ ဝမ်းနည်းသည်ဖြစ်စေ ချမ်းသာသည်ဖြစ်စေ ဆင်းရဲသည်ဖြစ်စေ ကျန်းမာသည်ဖြစ်စေ မကျန်းမာသည်ဖြစ်စေ နောက်ဆုံးအချိန်တွေအထိသက်ဆုံးတိုင်ချစ...