3. My First Love Story

1.7K 180 73
                                    

“ဆော့ဂျင် ..  ဖြစ်ပါ့မလားကွာ မင်း”

ပုခုံးပေါ်က ပြုတ်ကျခါနီး ကျောပိုးအိတ်ကိုတောင် ဆွဲမတင်နိုင်သေးပဲ ဒေါသတွေ ငယ်ထိပ်ရောက်နေသည့် ဆော့ဂျင်ကို တားယူရသည်။

“ငါ့ကို မတားနဲ့ ဂျောင်ဟိုဆော့ .. အဲ့ဒီကောင်ကို ငါတစ်ခုခုသွားလုပ်မှကိုရမယ်”

ဟိုဆော့ တားတာကို လက်မခံတဲ့ ဖြူဖြူသေးသေးကောင်လေးဟာ စက်ဘီးကို ဒုန်းဆိုင်းနင်းကာ ထွက်ချသွားသည်။ ကျန်နေခဲ့သည့် ဟိုဆော့မှာတော့ ကျောပိုးအိတ်တစ်ဖက်၊ ထမင်းချိုင့်လေးတစ်ဖက်ကိုင်ရင်းနှင့် အနှီကောင်လေးအား ကျိန်ဆဲမေတ္တာများ ပို့သနေလျက်။

“ဒင်းသာ မိအောင် မဖမ်းရင် ငါ့ crush ကြီး သွင်းလိုက်တဲ့ ပင်နယ်တီက ဂိုးမှာကို .. ဘာကို ရွှေလက်ပိုင်ရှင်လဲ .. အနူလက်ပိုင်ရှင်”

ဆော့ဂျင် ဒေါသဖြင့် သွားနေသည့် နေရာက ရန်သူတော်ကြီးအခြေချရာ ဂိမ်းဆိုင်ဆီသို့။ ဒီအချိန်ဆို crush ကြီးနှင့် ဟိုပုဂ္ဂိုလ်က ကျူရှင်လစ်ကာ ဂိမ်းကစားတတ်မှန်း ရှေ့ရက်တွေက လိုက်ချောင်းထားလို့ သိထားသည်။

ဆိုက်ဆိုက်မြိုက်မြိုက်ပင် ဆော့ဂျင်၏ ရန်သူတော်ကြီးက ဂိမ်းဆိုင်ရှေ့ထွက်ကာ ဆေးလိပ်ခိုးသောက်နေတာကို တွေ့ရသည်။ နင်းလာသည့် စက်ဘီးအရှိန်ကို နည်းနည်းလေးပင် မလျှော့မိပဲ ဦးတည်ရာက ကျောခိုင်းထိုင်နေသည့် ကျောပြင်ကျယ်ဆီသို့။

“ ဝုန်း ”

“ အား ”

ကံကောင်းသည်လား ကံဆိုးသည်လား မပြောတတ်။ တိုက်မိခါနီးအချိန်လေးတွင် ထိုကျောပြင်က ထထွက်သွားတာမို့ အရှိန်ဖြင့်နင်းလာသည့် ဆော့ဂျင်လေးဟာ ထပ်ထားသည့် ပလပ်စတစ်ကော်ခုံအထပ်လိုက်ကြီးကို ၀င်တိုက်ချတော့သည်။

“ဟာ ... ဟိတ် .. ကောင်လေး”

ဂျောင်ကု သောက်လက်စ စီးကရတ်ကို ဖိနပ်ဖြင့် ဖိနင်းကာ မီးငြှိမ်းလိုက်ပြီး လဲကျသွားသော ကောင်လေးဆီသို့ ပြေးကြည့်ရသည်။ ဒူးခေါင်းဖွေးဖွေးလေးနှစ်ဖက်မှာ ပွန်းရှရာတွေက အထင်းသားနှင့် မျက်နှာလေးက ငိုမဲ့မဲ့လေးဖြစ်နေကာ လက်ဖဝါးတွေကို ငုံ့ကြည့်နေသော ‌ဖြူဖြူကောင်လေးတစ်ယောက်။

Random Pieces - Jin 💜 One Shot CollectionsDonde viven las historias. Descúbrelo ahora