ဟိုးအဝေးမှာ အလိပ်လိုက်တက်လာတဲ့ တိမ်တိုက်ညိုတွေဟာ မကြာခင်မှာ သည်းကြီးမည်းကြီးရွာတော့မယ့်မိုးရိပ် အခြေအနေကိုပြနေသည်။
ဒီလိုအချိန်အခါမဲ့ရွာတတ်တဲ့မိုးကြောင့် ဆိုးလ်မြို့ရဲ့ဆင်ခြေဖုံးရပ်ကွက်လေးတွေမှာ ရေကြီးရေလျှံမှုတွေတောင်ဖြစ်ရသည်အထိ။
လာကြိုမယ်ပြောထားပီး နာရီ၀က်ကျော်သည်အထိ မလာသေးသော ကောင်လေးကြောင့် ဆော့ဂျင်မျက်ခုံးတို့ တွန့်ချိုးစပြုသည်။ကားမှတ်တိုင်အောက်မှာ မိုးခိုနေပေမယ့် တံစက်မြိတ်ကကျနေသော မိုးရေစက်တွေလာစင်နေတာမို့ ၀တ်ထားတဲ့ ယူနီဖောင်းလေးဟာ အောက်ပိုင်းတခုလုံးရွှဲရွှဲစိုလို့ရှိပြီ။
တသုတ်ပီး တသုတ်တက်သွားသော ခရီးသည်များ မှတ်တိုင်မှာပြန်ဆင်းလာကြသောသူများ ဆင်းချည် တက်ချည်နှင့် ကားတွေတစ်စီးပီးတစ်စီး အရှေ့မှဖြတ်သွားနေသော်လည်း ဂျောင်ကုရဲ့ကားနက်ပြာလေးကား ရှေ့တော်ကို ရောက်မလာသေး။
၁ပတ်မှာ ဗုဒ္ဓဟူးနှင့် တနင်္ဂနွေနေ့တိုင်း Date ဖြစ်တာမို့ ရုံးဖွင့်ရက်လေးကို ပင်ပန်းလို့ အိမ်စောပြန်ပီး နားချင်တာတောင် မရမကတွေ့ချင်ပါတယ်ဆိုတဲ့ ကောင်ဆိုးလေးကြောင့် သူအိမ်မပြန်ပဲ ရပ်စောင့်နေရခြင်းဖြစ်သည်။
"Ring .. Ring"
"ဟယ်လို .. ဂျောင်ကုလေး ဘယ်နားရောက်ပီလဲ"
"မောင် .. ကျနော် ဒီနေ့မလာဖြစ်တော့ဘူး .. အရေးပေါ်အစည်းအဝေးတစ်ခုပေါ်လာလို့ .. ပီးမှပဲ မောင်တို့အိမ်ရှေ့ကိုလာခဲ့တော့မယ်"
"အော် .. ဂျောင်ကု .. ဒါဆို မောင် ပြန်.. "
ပြောလို့မပီးခင်မှာ ပြတ်တောက်သွားတဲ့ ဖုန်းလိုင်းလေးကြောင့် ဆော့ဂျင်သက်ပြင်းတစ်ချက်ချကာ အိမ်ပြန်မည့် ဘတ်စ်ကားလေးကိုပဲ စောင့်နေလိုက်တော့သည်။
ကားပေါ်မှာ ပြတင်းပေါက်ဘက်ခြမ်းလေးနေရာရတာမို့ သူမှန်တံခါးလေးကို မှီကာ မိုးရေတွေကြားက ဆိုးလ်မြို့ရဲ့ ညရှုခင်းလေးကို ကြည့်နေမိသည်။ဆိုးလ်မှာ ကျောင်းပီးထဲက ဂွာချွန်းမပြန်ဖြစ်တော့ပဲ ရရာအလုပ်တစ်ခုလုပ်ကာ ဒီမှာပဲဆက်နေဖြစ်သည်။
YOU ARE READING
Random Pieces - Jin 💜 One Shot Collections
Randomရောက်တတ်ရာရာ ခံစားချက်လေးတွေရယ် ရေးချင်တာလေး နည်းနည်းရယ် ထည့်ရေးသွားမယ့် Album လေးပါ။