လေပြည်တွေ ရှပ်ပြေးနေသော တနင်္လာနေ့တစ်ခု၏ မနက်ခင်းတွင် ဆော့ဂျင် ဆိုသော ကောင်လေးတစ်ယောက်သည် စိတ်လှုပ်ရှားစွာဖြင့် လူတစ်ဦးကို ရပ်စောင့်နေလေသည်။
“ ဟေ့ကောင် ... ဟိုမှာ ဂျွန်ဂျောင်ကု လာနေပြီ ”
တဒိတ်ဒိတ်ခုန်နေသည့်ရင်က ဝူချန်း၏ အချက်ပေးစကားအောက်မှာ အဆမတန် ခုန်နှုန်းမြင့်လာခဲ့သည်။ “ I Love You ” ဆိုသည့် အဓိပ္ပါယ်ကို ဖော်ကျူးသည့် နှင်းဆီ နီနီရဲရဲလေး သုံးပွင့်ကို လက်ထဲမှာ ကျစ်ကျစ်ပါအောင် ကိုင်ထားသည်။
ဟုတ်တယ်။ ဒီနေ့က ချစ်သူများနေ့။ တနည်းအားဖြင့် ကိုကို့ ကိုချစ်တယ်လို့ ဆော့ဂျင် ၀န်ခံမယ့်နေ့။
အတန်းထောင့်ချိုးကို ဖြတ်ကျော်ပြီး ခပ်တည်တည်ဖြင့် လျှောက်လာသည့် ကိုကို့ ယူနီဖောင်းအင်္ကျီဖြူဖြူပေါ်မှာ အသည်းပုံ စတစ်ကာတွေဟာ မမြင်ချင်မှ တဆုံး။ ဦးဦးဖျားဖျားပေးလိုသည့် လက်ထဲက နှင်းဆီတွေကို အားငယ်စွာကြည့်ရင်း သက်ပြင်းချမိသည်။
“ မြန်မြန်သွားတော့လေ ။ မင်းကိုကိုက လမ်းလျှောက်တာက မြန်ကမြန်နဲ့ ”
ဖြစ်ချင်ရာဖြစ် ဆော့ဂျင် အရဲစွန့်ကာ ပြေးထွက်မိတော့ ခပ်သုတ်သုတ်လျှောက်လာသော ကိုကို့ကို ၀င်တိုက်မိသည်။
“ ဘုတ် ”
“ အင့် ”
“ ဟီး ကိုကို ”
“ ... ”
“ ဟို ... ဟိုဟာ ... Hap ... Happy Valentines Day ပါ ကိုကို ”
မျက်မှောင်ကြီးကျုံ့ပြီး ဘာမှ မပြောပဲ ကိုကိုက တောင့်တောင့်ကြီးသာ ရပ်နေလျှင် ဆော့ဂျင် နှင်းဆီတွေကို ကိုကို့လက်တွေထဲ ထည့်ပေးလိုက်သည်။
“ လွှတ်စမ်း! ငါ့လက်ကို။ ဖယ်! ဒီပန်းတွေရော။ ရှုပ်ရှုပ်ယှက်ယှက် ”
ကိုကိုက လက်တွေကို အားထည့်ပြီး ဆောင့်ရုန်းသွားလို့ ဆော့ဂျင် အနောက်ကို ယိုင်ကျသွားသည်။ ပိုဆိုးတာက မျက်နှာပေါ်ကို ပန်းတွေနှင့်ပါ ပစ်ပေါက်ချသွားတာ။
“ဆေးကျောင်းသားလုပ်နေပြီး အချိန်တွေ တော်တော်ပေါနေပုံပဲ ”
YOU ARE READING
Random Pieces - Jin 💜 One Shot Collections
Randomရောက်တတ်ရာရာ ခံစားချက်လေးတွေရယ် ရေးချင်တာလေး နည်းနည်းရယ် ထည့်ရေးသွားမယ့် Album လေးပါ။