“ဆော့ဂျင်ရေ … မင်းအိမ်စာတွေပီးပီလား”
စားပွဲခုံမှာ မှောက်အိပ်ရင်းက မျက်လုံးမဖွင့်ပဲ မေးလာသော တစ်ဦးတည်းသော အချစ်တော်သူငယ်ချင်းကြီး မင်ယွန်ဂီ။ သူများကြိုးစားပမ်းစားလုပ်လာတဲ့ အိမ်စာကို အသာလေးကူးရေးချင်တယ်ဆိုရင်လဲ ပေးကူးချင်လာအောင် နည်းနည်းပါးပါးတော့ ရိုရိုကျိုးကျိုးတောင်းသင့်သည်မလား။
ဒီသကောင့်သားကတော့ သူများအပေါ် အောက်ကျနောက်ကျလဲ တောင်းမနေ၊ သူမှ ပေးမကူးရင်လည်း ဆရာ ဆူဆူဆဲဆဲ ခံလိုက်သည်သာ။ ကြာလာတော့ ဒင်းကိုသနားမိသည့်စိတ်ကြောင့် ဒင်းက ပိုကန်းတတ်နေခြင်းဖြစ်သည်။
“ကူးချင်တယ်ဆိုရင်လည်း ပေးကူးချင်လာအောင် နည်းနည်းပါးပါးတော့ အဖေကို ချော့မော့ပြောဦးလေ သားရယ်”
“ဟိတ်ကောင် မပြချင် မပြနဲ့ … မင်းအတွက် တော့ပိုကီ ပါတယ် … စားချင်တယ်ဆိုရင် အဖေကို ကောင်းကောင်းမွန်မွန်စာအုပ်လေး ထိုးထည့်ပေးလိုက်”
ယွန်ဂီအမေလုပ်ပေးသည့် တော့ပိုကီ အသံကြားတယ်ဆိုလျှင်ပဲ နှုတ်ခမ်းကိုလျှာနှင့် တစ်ချက်သပ်လိုက်ပီး မျက်နှာလေးပါ ဝင်းပသွားသော အချောလေး ဆော့ဂျင်သည် ညက ကြိုးစားပမ်းစားတွက်လာသည့် Math စာအုပ်ကြီးအား ယွန်ဂီ့ကျောအား တဘုန်းဘုန်းချကာ ထိုးပေးလိုက်လေသည်။
ဆော့ဂျင်လေးမှာ အားနည်းချက်ဆိုလို့ အစားအသံကြားတာနှင့် ခေါင်းမခါနိုင်ခြင်းပင်။ ဒါကြောင့်လည်း တန်းခွဲ ဘီက သူ့ကိုယ်သူ King ပေးထားသော ဂျွန်ဂျောင်ကု က အစားတမြှားမြှားနှင့် သူ့ကိုလာ လာပိုးနေခြင်းဖြစ်သည်။
အတန်းချိန်ပြန်စတော့မှာမို့ အသည်းအသန် စာကူးနေသော ယွန်ဂီနှင့် ဘေးနားမှာ ထိုင်ကာတော့ပိုကီ တဝတပြဲစားနေသော ဆော့ဂျင်လေးတို့ ရှိရာဆီသို့ အာတာပူစီ ကိုင်ကာ လှမ်းလာနေသော အမောင်ဂျောင်ကုလေး။
ပလုတ်ပလောင်းစားနေရင်းက နှုတ်ခမ်းဖူးလေး တထော်ထော်နှင့် စကားတွေ ရေပက်မဝင်ပြောနေသော ကောင်လေးမှာ ဂျောင်ကုရဲ့ အသည်းအသက်ဘူးလေးဖြစ်ပါသည်။
YOU ARE READING
Random Pieces - Jin 💜 One Shot Collections
Randomရောက်တတ်ရာရာ ခံစားချက်လေးတွေရယ် ရေးချင်တာလေး နည်းနည်းရယ် ထည့်ရေးသွားမယ့် Album လေးပါ။