7. Goodbye Kiss

1.2K 153 23
                                        

" အာ ... ချမ်းတယ် "

ပြောပြောဆိုဆိုဖြင့် ထိုင်နေသည့် သူ့နောက်ကျောဘက်မှ သိမ်းကျုံးပွေ့ဖက်လိုက်သော ဂျောင်ကု ။ မန်ဘာတွေ စုံစုံလင်လင်ရှိနေသည့်အပြင် ရိုက်ကူးရေးပါ မပြီးသေးတာမို့ အားလုံး၏ အာရုံက သူတို့ဆီ ရောက်နေကြမည်မှာ မလွဲ ။

ဖက်ထားသည့်ကြားက မသိမသာ ရုန်းကြည့်သော်လည်း ဆရာသမားက ပိုတိုးလို့ဖက်ပြီး မေးလုံးလုံးလေးပါ ခေါင်းပေါ် စခန်းချ ဇိမ်ယူလိုက်သေးသည် ။

နမ်ဂျွန်းရှိရာဘက်သို့ အသာစွေစောင်းကြည့်လိုက်တော့ သက်ပြင်းတွေခိုးချနေပြီး ဟိုဘီကလည်း မသိချင်ဟန်ဆောင်ကာ အာရုံလွှဲဖို့ စကားတွေ ဟိုဟိုဒီဒီလျှောက်ပြောသည် ။

အမြဲတမ်း Slay နေတတ်သည့် ယွန်ဂီတောင် ဂျောင်ကု လုပ်လိုက်သည့်အပြုအမူ‌ကြောင့် စကားတွေ အထစ်ထစ် အငေါ့ငေါ့ ။

" Hyung ... Jin Hyung စားနေတဲ့ အသံကို ကျွန်တော် ဒီကနေ အတိုင်းသား ကြားနေရတယ် "

မကြားရှိရရိုးလား ။ လေတောင် ၀င်မရအောင် ခန္ဓာကိုယ်နှစ်ခုက ပူးကပ်နေတာ ။ သို့သော်လည်း ထုတ်ပြောလို့မရ။ မသိမသာ အချက်ပြ တွန်းထုတ်ရသည် ။ ဒါတောင် ဒီကလေးက ကိုယ်ပေါ်က ခွာချင်သေးတာ မဟုတ် ။

" ပူတယ် ဂျောင်ကုဂါး "

ကလေးပေါက်စ နေရာမှာ ပြန်၀င်ထိုင်သည့်အခါမှ မန်ဘာတွေလည်း စိတ်အေးသွားကြသည် ထင်သည် ။ စကားဝိုင်းက ပြန်လည်စိုပြေသွားသည် ။

သူတို့ In The Soop ရိုက်ဖို့ Camp သဘောမျိုး ထွက်လာခဲ့ကြတာဖြစ်သည် ။ နေရာအသစ်၊ ပတ်၀န်းကျင် အသစ်၊ Activity အသစ်မှာ မန်ဘာများအားလုံးလည်း စိတ်လှုပ်ရှားနေကြသည် ။

ထမင်းစားနေစဉ်က ဂျောင်ကုက အခန်းတစ်နေရာကို လက်ညှိုးညွှန်ပြပြီး ချိန်းဆိုခဲ့တာမို့ သူ ရိုက်ကူးရေးကနေ မသိမသာလေး အသာလစ်ထွက်ခဲ့လိုက်သည် ။

မန်ဘာတွေက ည‌စာစားနေကြတုန်းဖြစ်ပြီး သူတို့နှစ်ဦးသာ နားနေဆောင်ဘက်မှာ ရှိနေခဲ့ကြသည် ။

" ဘာပြောစရာရှိလို့လဲ? "

ထိုင်ခုံပေါ်မှာ ထိုင်ရင်း ဂျောင်ကုက အပေါ်ပိုင်းအ၀တ်ဗလာနှင့် ရှိနေပြီး လက်ဝှေ့ထိုးကျင့်ဖို့ အ၀တ်စတစ်ခုကို လက်မှာ စည်းနှောင်နေတာ တွေ့ရသည် ။

Random Pieces - Jin 💜 One Shot CollectionsМесто, где живут истории. Откройте их для себя