4. Say That You Love Me

1.6K 145 31
                                    

“ နက်ဖြန် အိမ်ကို တစ်ချက် လာကြည့်ပေးဦး။ အင်တာဗျူး သွားစရာရှိတယ် ”

ပန်းပင်တွေ ရေလောင်းနေသော ဆော့ဂျင်က သူ့ကို လှည့်မကြည့်ပဲ ပြောလာသည်။ နေရောင်နွေးနွေးအောက်မှာ မျက်နှာမှာ ရေစက်တချို့တို့ဖြင့် ရွှဲစိုနေသော ဆော့ဂျင်သည် ရေဖြန်းထားသော နှင်းဆီတွေထက် လန်းဆန်းကာ ပိုချစ်ဖို့ကောင်းသည်။

“ ငါလည်း အလုပ်မြန်မြန်ရမှ ဖြစ်မှာ။ ဖေဖေ့ကျန်းမာရေးနဲ့က ရေရှည်ဆိုရင် ငါ့အမေနဲ့ အစ်မ အသုံးအဖြုန်းကြီးတာနဲ့ ကာမိမှာ မဟုတ်ဘူး ”

“ သူ့အချိန်ရောက်ရင် ရလာမှာပါကွာ။ မင်းလည်း ကြိုးစားနေတာပဲ။ အရမ်းကြီး ဆန္ဒမစောပါနဲ့ ”

“ ငါ ဆန္ဒစောနေတာ မဟုတ်ဘူး ဂျောင်ကု။ အရှိကို အရှိတိုင်း ပြောနေတာ ”

စိတ်ရှုပ်နေသည့်ပုံဖြင့် ဆော့ဂျင်က ရေပိုက်ကို ပစ်ချထားခဲ့ကာ အိမ်ဘေးကပ်လျက်မှာ သွယ်တန်းထားသော ရေပိုက်ခေါင်း အပြာလေးကို သွားပိတ်သည်။

ပန်းအိုးတွေနားမှာ ဆင်ထားတဲ့ ဒန်းလေးပေါ်မှာ စိတ်ပျက်လက်ပျက်၀င်ထိုင်ပြီး နောက်ကျောဘောင်ပေါ် ခေါင်းမှီကာ မျက်လုံးတွေပါ မှိတ်ထားသည်။

ဆော့ဂျင် ခံစားနေရတဲ့ စိတ်ရှုပ်ထွေးမှုတွေဟာ အကောင်အထည်ရှိခဲ့ရင်လည်း ကောင်းသား၊ သူ့သောကတွေကို ကိုယ်သာ လက်လွှဲယူခံစားလိုက်ချင်တယ်လို့ တွေးမိသည်။

ဆော့ဂျင် မလွှဲတော့သဖြင့် ရပ်သွားတော့မည့် ဒန်းလေးကို သူ လက်တစ်ဖက်ဖြင့် လွှဲပေးရင်း နေရောင်ကျနေသော မျက်နှာနုနုပေါ်ကို လက်ဖမိုးဖြင့် ကာပေးမိသည်။ အပူတွေ နည်းနည်းဖြစ်ဖြစ် ကင်းငြိမ်းအောင်ပါ။

“ ငါ တခါတလေ မင်းကို အရမ်းအားကျတာပဲ ဂျောင်ကု။ အထက်တန်းပြီးတာနဲ့ တက္ကသိုလ်ဆက်မတက်ပဲ ပညာရေးထက် စီးပွားရေးကို ရွေးချယ်သွားတာ။ ငါ့မှာတော့ ကျောင်းတွေတက် အချိန်တွေကုန် ငွေတွေကုန် ပြီးတော့ ခုထိလည်း အလုပ်မရသေးဘူး။ မင်းကတော့ စီးပွားရေးလောကထဲ အခြေကျနေပြီ ”

“ ဒါဆို ငါနဲ့တူတူ စပ်တူလုပ်ကြမယ်လေ ”

“ အဟင်း ”

Random Pieces - Jin 💜 One Shot CollectionsWhere stories live. Discover now