လှုပ်ရှားသွားလာနေကြတဲ့ လူတွေ ကားတွေရဲ့ကြား ချန်းယောလ်တစ်ယောက် မီးပွိုင့်မိကာ စိတ်အအိုက်ကြီး အိုက်နေမိတော့သည်။
သားကိုကလဲ ကြိုရဦးမယ်။ ကျောင်းဆင်းချိန်ကလည်း အတော်လွန်နေပြီပဲမို့ အမြန်ရောက်ချင်စိတ်ပင်ဖြစ်နေကာ စိတ်လောနေမိပြန်သည်။ ယခင်အဆင်ချောခဲ့ပေမဲ့ ဒီနေ့မှ လူကပိုလို့ရှုပ်နေပုံ။
"ရား ငါထင်တယ် ဒါကြောင့်အမြန်လာတာကို"
ဆီးကြိုနေတဲ့မြင်ကွင်းကသိပ်တော့မလှပ။ သူ့သားဟာလေ အဲ့ကောင်လေးနဲ့ မပေါင်းပါနဲ့ဆိုလဲမရ။ အခုလဲ အချင်းချင်းပွေ့ဖက်လို့ မှီတွယ်ကာ ရပ်နေကြပြန်ပြီ။
"သား"
"အဖေ "
ပူးကပ်နေတဲ့ နှစ်ယောက်နား ကားထိုးရပ်ကာ မှန်ချပြီးခေါ်လိုက်တော့ သူ့သားမျက်နှာလေးကတော့ အေးမြကာနေသလောက် ဟိုကောင်လေးကတော့ လူကြီး လူကြီးမှန်းမသိ ပြီတီတီနဲ့သာ။
"အဲ့လောက် ပူးကပ်လို့ ဘာရပ်လုပ်နေကြတာလဲ ဟမ်"
"အယ် ယောက္ခထီးကြီးကလဲ ညနေခွဲရတော့မှာမို့လေ"
"မင့် မေးသလား"
"မမေးလဲ ဖြေချင်လို့ပေါ့"
"သား တက်တော့ ပြန်စို့"
"ဟုတ်အဖေ ဘတ်ဟျွန်း သွားပြီနော်"
"အေးပါ ယောက္ခထီးကြီး ကျနော်ရော လိုက်ခဲ့မယ်လေ အိမ်အလည်"
"ဘောကိုလိုက်"
ဆယ်ဟွန်းက တဖက်ကိုကွေ့သွားကာ ကားပေါ်တက်ဖို့ပြင်တုန်း ချန်းယောလ်မျက်နှာနားအထိငုံ့ကာ ကားမှန်ကိုဖိကိုင်လို့ ရွှတ်နောက်နောက် ပြောလာတဲ့ ကောင်လေးကြောင့် ချန်းယောလ် အားရပါးရ ပြောလိုက်တော့ ကောင်လေးက သဘောတကျ ရယ်နေကာ
"ယောက္ခထီးကြီးကလေ လူကြီးစကားမပြောဘူး"
"ချီးပဲကွာ"
သား ကားပေါ်ရောက်တာနဲ့ ပစ်ပစ်နှစ်နှစ်ပြောကာ မောင်းထွက်ခဲ့ပြန်တော့လည်း ထိုကောင်ငယ်လေးက နောက်မှာ သဘောတကျပြုံးစွာ ကျန်ခဲ့ပြန်သည်။ နောက်ကြည့်မှန်ထဲကနေ တိတ်တဆိတ်ကြည့်မိတော့ ဖြူလွှလွှဂွမ်းလုံးလေး ပန်းသွေးရောင်သန်းနေသည့်ပုံနဲ့ပင်ဆင်တူသည်။ သာမန်သာဆို ဒီကောင်လေးရဲ့ နူးညံ့လှပမှုကို ချန်းယောလ် ချီးကျူးမိမယ်ထင်ပေမဲ့ အခုတော့ဖြင့် ချန်းယောလ် အမြင်ကတ်လို့ပင်မဆုံး။
YOU ARE READING
ယောက္ခထီးကြီးကို ရအောင်လိုက်မယ်!!
Fanfictionသူ့ကြိုက်တာကို သူ့သားကြိုက်ပါတယ် ထင်နေတာမျိုး....