"မင်းဟာ ဖြစ်ပါ့မလားနော်"လွယ်အိတ်ထဲ စာအုပ်တွေထိုးထည့်ရင်း ဆယ်ဟွန်းက အနားကပ်ကာ ခပ်တိုးတိုးပြောလာပြန်သည်။
"ဖြစ်လို့ပဲ ခုမင်းတို့ အတူကျပြီမဟုတ်ဘူးလား"
ဘတ်ဟျွန်းကတော့ အေးဆေးပင် လေပင်ချွန်လိုက်ရင်းပြောလာသည်။ ဆယ်ဟွန်းမှာသာ ဖင်မငြိမ်နိုင်။
"မင်း အတန်းခေါင်းဆောင်ကို လာဘ်ထိုးပြီး"
"ရား မင်းပြောမှ ကြားကုန်မယ်"
ဆယ်ဟွန်းပါးစပ်ကိုပင် အလျင်အမြန် လက်နဲ့ပိတ်လိုက်ရသည်။ ဒီအလိုက်ကန်းဆိုးမသိတဲ့ သားစုတ်ဟာလေ အဲ ဟုတ်တယ်လေ သားပဲပေါ့ ယောက္ခထီးကြီးနဲ့ သူနဲ့ ဟိဟိ
"ရား ဖယ် နံလိုက်တာ"
အတွေးနဲ့တင် ကြည်နူးနေတာကို လက်ကိုဆွဲဖယ်လိုက်ရင်း နံတယ်ပြောလာတာကြောင့် ကိုယ်တိုင်အနံ့ခံကြည့်ကာမှ
"ခွီးးး မေ့လို့ သန့်စင်ခန်းဝင်ပြီး လက်မဆေးခဲ့ရဘူး"
"အော့ ဝေါ့ ရွံတာကို အော့"
"ချောတီး သယ်ချင်း ချောတီး ဟီးးး"
"ဆယ်ဟွန်း"
"အဟမ်း ဂျုံအင် လာလေ"
နှစ်ယောက်သား ကမ္ဘာပျက်မတတ်ဖြစ်ပျက်နေကြတုန်း ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာတဲ့ ဂျုံအင်
"ဆယ်ဟွန်း ဟို ကျနော်တို့"
"ဟုတ်တယ် ဂျုံအင်နဲ့တွဲတာ ဟုတ်ပါဘူး ဂျုံအင်နဲ့တွဲကျတာလို့ "
"ဆယ်ဟွန်း ဆယ်ဟွန်း ဟွန့်ဟွန့်"
"ဟွန့်မနေနဲ့ အိမ်ပြန်နှင့်မလား မင်း"
"အင်းးး ယောက္ခထီးကြီးကို လာမကြိုဖို့ ဖုန်းဆက်ပြီးပြီလား"
"ဆက်ရသေးဘူးလေ ခုကိုရောက်နေလောက်ပြီကို နောက်၁နာရီကျော်မှပြန်လာကြိုဖို့ပြောလိုက်မယ်"
"ဟာ အားနာစရာကြီး ငါအဖော်လုပ်ပြီး ကားပတ်မောင်းခိုင်းလိုက်မယ် ဟဲဟဲ"
"မင်းတော့ ငါ့အဖေက ကားပေါ်တောင် ခြေတလှမ်းချခွင့်ပေးပါ့မလား"
![](https://img.wattpad.com/cover/299042657-288-k737932.jpg)
YOU ARE READING
ယောက္ခထီးကြီးကို ရအောင်လိုက်မယ်!!
Fanfictionသူ့ကြိုက်တာကို သူ့သားကြိုက်ပါတယ် ထင်နေတာမျိုး....