"ခေါက်ဆွဲပြုတ်က အာလူးကြော်နဲ့မှကွ"
"အဆန်းကြီး ဘတ်ဟျွန်းရယ်"
"ငါ ခုနက ပန်းကန်စင်ရဲ့ ဘေးကစင်မှာတွေ့ခဲ့တယ် မင်းသွားယူလိုက် ငါTVဖွင့်နှင့်မယ်"
ဒီနေ့ကတော့ ကျောင်းဆင်းချိန် အစည်းအဝေးရှိလို့ လာမကြိုနိုင်တဲ့ ဆယ်ဟွန်းအဖေ ချစ်ရပါသောယောက္ခထီးကြီးရဲ့အဖြစ်ကို အခွင့်အရေးယူကာ ဆယ်ဟွန်းတို့အိမ်ကို တွယ်ကပ်ကာ လိုက်လာခဲ့ခြင်းပင်။ စာအတူလုပ်ဖို့တော့ထင်မနေနဲ့နော် မုန့်စားပြီးTVကြည့်မှာ ပြီးရင် ဂိမ်းလဲဆော့ဦးမှာ ယောက္ခထီးကြီးပြန်မလာခင်ထိ။ ဒါတွေက အရေးလားဆို ဘယ်ဟုတ်မလဲ အဓိက,ကတော့ ယောက္ခထီးကြီး မျက်နှာမမြင်ရမနေနိုင်လို့ကို တမင်လိုက်လာတာ။
"ရား အဲ့ကားကြည့်ရင် ငါ့အဖေတော့ ဆူတော့မှာပဲ"
ဆိုဖာပေါ် ခုန်ပျံကျော်လွှား သိုင်းကွက်စုံစွာနဲ့ နောက်မှီကနေ ကျော်ခုန်ကာ ဝင်ထိုင်လာတဲ့ ဆယ်ဟွန်းက ခပ်ညည်းညည်းပြောပြန်သည်။
"မင်းကလည်း နမ်းတဲ့အခန်းပဲအပါများတာပါ ဟိုလိုဒီလိုတွေမပါပါဘူး"
"ငါ့အဖေက မင်းသားနဲ့ မင်းသမီး လက်ကိုင်တဲ့အခန်းလာရင်တောင် ငါရှိရင် ပိတ်ပစ်တာ အခုမင်းဟာက"
"ယောက္ခထီးကြီးက မင်းသားနဲ့ မင်းသားနမ်းတာဆို မပိတ်ဘူးရယ် မင်း"
"မသိတော့ဘူးကွာ"
"ဒီကားလေးတကယ်ကောင်းတယ်ဆိုလို့ပါကွ ညစ်မနေနဲ့ မင်းအဖေနောက်ကျမှာလို့ပြောထားတာပဲကို ဒီဇာတ်ကားပြီးတောင် ပြန်ရောက်ပါ့မလား"
"အေးလေနော့"
"အေးလို့ လာကြည့်ကြစို့ ခေါက်ဆွဲကလဲ သိပ်မပူတော့ဘူးရယ်"
နှစ်ယောက်သား ခေါက်ဆွဲငုံ့စားလိုက် TVမျက်နှာပြင်ပေါ်က ဇာတ်ကွက်တွေကြား စီးမျောလိုက်နဲ့သာ
"ရားးး ဘတ်ဟျွန်း ဘတ်ဟျွန်း"
"ဟီးဟီး"
မင်းသားနှစ်ယောက် အနမ်းဖလှယ်တဲ့အခန်းတွေဟာဆိုရင် ရင်ခုန်စိတ်လှုပ်ရှားစွာနဲ့ကြည့်နေရသလို သူတို့ရဲ့အချစ်တွေကိုပါ ခံစားမိနေပြန်သည်။
YOU ARE READING
ယောက္ခထီးကြီးကို ရအောင်လိုက်မယ်!!
Fanfictionသူ့ကြိုက်တာကို သူ့သားကြိုက်ပါတယ် ထင်နေတာမျိုး....