📞"ဟုတ်ကဲ့ဗျ တီလေး""....."
"ဗျာ ဟုတ် သားလဲနေကောင်းပါတယ်"
"....."
"ဟင်းးး ဟုတ်ကဲ့ ကျနော်သွားတွေ့ကြည့်လိုက်ပါမယ် တီလေး "
"....."
"ဟုတ် တီလေးတို့လဲ ကျန်းမာရေးဂရုစိုက်ကြပါဗျ"
ဖုန်းချပြီးတာနဲ့ သက်ပြင်းလုံးတွေကို တလုံးတခဲ မှုတ်ထုတ်မိနေတဲ့ သူ့ကြောင့် သားပင် ကာတွန်းကားကြည့်နေရာကနေ လှည့်ကြည့်လာကာ
"ကြီးကြီးက ဘာတဲ့လဲ အဖေ"
ချန်းယောလ်လဲ သားရှိရာ TVရှေ့က ဆိုဖာခုံနားလျှောက်သွားကာ သားဘေးမှာ ဝင်ထိုင်လိုက်ပြီး
"မင့်ကြီးကြီးက အဖေ့ကို တစ်ယောက်တည်းမမြင်ချင်တော့ဘူးထင်ပါ့"
"ဗျာ"
"သင့်တော်တဲ့ တစ်ယောက်တဲ့ သွားတွေ့ခိုင်းနေတာ"
အဖေ့ဆီက စကားကြားရတာနဲ့တင် ဆယ်ဟွန်းမှာ ပြူးပြူးပြာပြာပင်။ သွားတွေ့လို့ အဆင်ပြေသွားကြရင် သူ့သူငယ်ချင်းတော့ ကွဲပြီပဲ။
ချန်းယောလ်လဲ ပြူးပြူးပြာပြာဖြစ်နေတဲ့ ဆယ်ဟွန်းကြောင့် လူကောင်ထွားနေပြီဖြစ်တဲ့ သူ့သားကို ရင်ခွင်ထဲထွေးပွေ့လိုက်ရင်း
"သားကရော မေမေ မရချင်ဘူးလား"
"ဟို"
"မေမေရော အဖေရောဆို မုန့်ဖိုးနှစ်ခါရတာပေါ့ ငါ့သား ဟမ်"
"ဟာဗျာ အဖေပဲ ပိုပေးပေါ့ အဖေက ဘောစိပဲ"
နှုတ်ခမ်းကို ဆူထော်ကာရယ် သူ့ကို ရန်လုပ်လာတဲ့ သားကို အသည်းယားလှစွာ ပါးလေးတွေကို ဖစ်ညှစ်ရင်း
"ငါ့သားကတော့ကွာ ဟားဟား"
"အဖေ! အဖေ့မှာ သားရှိပြီး သားမှာအဖေရှိတယ်လေနော် "
သူ့ရင်ခွင်ထဲ ပိုလို့တိုးဝင်ကာ ငယ်ငယ်ကအတိုင်း မူဟန်ပိုစွာ ချွဲနွဲ့ပြီး ပြောလာတဲ့သားကြောင့် သူ့မှာ အချစ်တွေသာ တိုးပွားရတော့သည်။
"သားရဲ့ စဉ်းစားကြည့်တော့ နှလုံးသားထဲ ငါ့သားတစ်ယောက်တည်းဆို ချောင်နေမလားပဲ"
YOU ARE READING
ယောက္ခထီးကြီးကို ရအောင်လိုက်မယ်!!
Fanfictionသူ့ကြိုက်တာကို သူ့သားကြိုက်ပါတယ် ထင်နေတာမျိုး....