"ဘယ်လိုဖြစ်တာပါလိမ့် ညကထိအကောင်းကို"ပူကျစ်နေတဲ့ သားဖြစ်သူရဲ့ နဖူးပြင်ကိုစမ်းလိုက် ရေအေးဝတ်လေး တင်ပေးလိုက်နဲ့သာ ချန်းယောလ်တစ်ယောက် အလုပ်ရှုပ်နေရသည်။
"အဟွတ် အဟွတ်"
"ရေသောက်ဦးမလား သား"
"ဟင့်အင်"
"ဒါဆို ရေဆာရင်ပြော ခုတော့ ထဦး သားချွေးတွေထွက်နေပြီ အင်္ကျီလဲရအောင်"
"ဟမ် ဟို ရေဆာတယ် အဖေ"
ထိတ်ထိတ်ပြာပြာနဲ့ပဲ ဆယ်ဟွန်းအမြန် တောင်းဆိုလိုက်ရသည်။
"အော် အင်းအင်း ရေအရင်ယူပေးမယ်"
အဖေထထွက်သွားတာ သေချာကာမှ ဆယ်ဟွန်းမှာ မနက်အစောကတည်းက ချိုင်းကြားထဲညှပ်ထားသော ကြက်သွန်နီဥကြီးတွေကို အလျင်မြန်ဖယ်ရှားလိုက်ရသေးသည်။
"ရော့ ရေသောက်လိုက်ဦး ခဏနေအဖေအပြင်သွားရင် တခါတည်းဆေးခန်းပါပြရအောင်"
"အဖေ သွားမတွေ့ပါနဲ့"
ဆယ်ဟွန်း တမင်မျက်နှာကို ငိုမဲ့မဲ့လုပ်ကာ ပြောလိုက်တော့
"သွားရမယ်လေသားရယ် မင့်ကြီးကြီး မျက်နှာက ရှိသေးတယ်"
"ဟင့်"
"ကဲပါ အင်္ကျီလဲရအောင် နော်"
ဆယ်ဟွန်းမှာ ဖျားချင်ယောင်ဆောင်လဲ ဆေးခါးကြီးတွေသောက်ရတာပဲ အပိုဖြစ်သည်။
"သားဆီက မီးဖိုချောင်နံ့ရနေတယ်"
အင်္ကျီလဲပေးရင်း အဖေက သေချာအနံ့ခံကြည့်ရင်းပြောနေတာမို့
"ဟို ချွေးနံ့လေအဖေရဲ့ ညက ကြက်သွန်ကြော်ရော စားမိထားလို့"
"အော် ကဲပြီးပြီ နေသာသလိုလေးနေထားဦး အဖေရေချိုးလိုက်ဦးမယ်"
"ဟုတ်"
အဖေအခန်းထဲက ထွက်သွားပြီဆိုတော့မှ
"အလုပ်မဖြစ်ဘူးဟေး ငါလခွမ်း ဆေးခါးကြီးတော့ မနက်ကသောက်လိုက်ရသေးတယ်"
ဟိုဘက်က စောင့်မျှော်နေမဲ့သူဆီ စာပို့လိုက်တော့
✉️"ဟာ မင်းဖျားနေတာကို သွားမှာတဲ့လား"
YOU ARE READING
ယောက္ခထီးကြီးကို ရအောင်လိုက်မယ်!!
Fanfictionသူ့ကြိုက်တာကို သူ့သားကြိုက်ပါတယ် ထင်နေတာမျိုး....