ရာသီဥတုလဲ သာယာသလို ဘတ်ဟျွန်းနဲ့ ဆယ်ဟွန်းတို့ နှစ်ယောက်သားလဲ သာသာယာယာပင်။
"ဒီတပွဲပြီးရင်တော့ နေ့လယ်စာ သွားစားကြစို့နော် ဘတ်ဟျွန်း"
ဂိမ်းဆိုင်သို့ ရောက်လျှင် တနေမကုန်မချင်း ပြန်မထချင်တော့တဲ့ ဘတ်ဟျွန်းကတော့ အင်အဲကို ပြန်မဖြေလာ
"နော် နော်လို့"
"မင်းကွာ တခါတည်း စားခဲ့ပါဆို"
"စားမလို့ပဲ အိပ်ယာထနောက်ကျတာကော မင်းကလဲလောနေတာကို"
"လခွမ်း မင်းပဲ ညနေကျလဲ ဂျုံအင်နဲ့တွေ့ဦးမှာဆို အဲ့တော့အချိန်ပိုရအောင် စောလာရတာပေါ့"
"အေးပါ ငါ့အပြစ် ငါ့အပြစ် မင်း ဒီဂိမ်းနဲ့ သူငယ်ချင်းတယောက်လုံးရဲ့ ဆာလောင်မှုကို ရွေး"
"ဂိမ်း"
"အေး ငါ့အဖေကို လာမကြံနဲ့"
"အဲ သား သားလေးကကွာ နော် ထ သွားစားကြမယ်"
သွားအဖြီးသားနဲ့ ကပ်ဖားနိုင်မှသာ ဘတ်ဟျွန်းနှလုံးသားရေး အဆင်ပြေမည်ကို အတပ်သိတာမို့ တတ်နိုင်သမျှ ဖားရတော့သည်။
"ဒီလိုလုပ်ပါ ဒီဂိမ်းဆိုင်ရဲ့ မျက်စောင်းထိုးက ဆိုင်အသစ်လားမသိဘူး သွားကြည့်ရအောင် အဲ့ဆီ"
"သဘော သဘော"
ကော့တော့ ကော့တော့နဲ့ ထွက်သွားတဲ့ ဆယ်ဟွန်းနောက် ဘတ်ဟျွန်းမှာ ကျန်ခဲ့တဲ့ဂိမ်းတွေကို စိတ်နှလုံးမပြတ်နိုင်စွာနှင့်ပင် အမီလိုက်ရတော့သည်။
*******************
"ဒါဆို ကျနော်တို့အဆင်ပြေပြီနော်"
"ဟုတ်ကဲ့ပါ အချက်အလက်တွေအားလုံးကလဲ ဒီက အကိုပတ်ချန်းယောလ်တို့နဲ့ သဘောထားတူညီတာမို့ အဆင်ပြေပါတယ်"
ချန်းယောလ် ကော်ဖီတမော့သောက်လိုက်ကာ ခပ်ဖွဖွပြုံးပြလိုက်သည်။ အဆင်ပြေသွားတာပဲ တော်သေးဆိုရမည်။ သဘောတူညီမှုရဖို့ အတော်ကြိုးစားရမယ်ထင်တာ လွယ်လွယ်နဲ့ အိုခေသွားလို့သာ။
"ဒီဆိုင်လေးက အပြင်အဆင်လှသားပဲ"
သူ့ရှေ့က ဧည့်သည်တော်ကတော့ ဆိုင်ကိုလှည့်ပတ်အကြည့်ကစားကာ သဘောကျနေပုံ

YOU ARE READING
ယောက္ခထီးကြီးကို ရအောင်လိုက်မယ်!!
Fanfictionသူ့ကြိုက်တာကို သူ့သားကြိုက်ပါတယ် ထင်နေတာမျိုး....