Part-1

11.8K 563 13
                                    

Unicode

"ဒေါက်တာရဲ့ သက်တော်စောင့်လေးက နေ့တိုင်းပဲနော်။ "

ဝူလောင်ရှီးအပြောကြောင့် ကျောင်းပေါက်ဝကိုအကြည့်ရောက်တော့ ကျောင်းပေါက်ဝနားကအုတ်ခုံမှာထိုင်လို့နေတဲ့ ဝမ်ရိပေါ် ။မျက်နှာကိုကအောက်ငုံ့ထားသေးတယ် ။အရင်နေ့တွေကဆို ရှောင်းကျန့်ကိုပဲကြည့်နေတာပါ ။ရှောင်းကျန့်ရဲ့နူတ်ခမ်းလေးကမသိမသာ စူသွားသည် ။

"ဟုတ်ပါ့ဟယ်...ဒေါက်တာရှောင်းကိုမနာလိုတောင်ဖြစ်လာပြီတကယ်.."

သူ့ကိုပြုံးစိစိနဲ့စနေတဲ့ ယန်းလောင်ရှီးနှင့် ဝူလောင်ရှီးကြောင့် ရှောင်းကျန့်ကမျက်နှာတွေရဲနေလေပြီ ။

"ဒေါက်တာ...ကျွန်မတို့သွားတော့မယ်နော်။ "

"ဟုတ်ကဲ့"

ယန်းလောင်ရှီးနှင့် ဝူလောင်ရှီးက ကျောင်းပေါက်ဝရောက်တော့ ရှောင်းကျန့်ကိုနူတ်ဆက်ပြီး Taxicပေါ်တက်သွားကြသည် ။သူငယ်ချင်းရဲ့ တောင်းဆိုချက်အရ ရှောင်းကျန့်က ဒီကျောင်းက ကျောင်းဆေးခန်းမှာ ထိုင်ရသည် ။အိမ်နဲ့ကျောင်းကလဲမဝေးတာမို့‌ အေးအေးဆေးဆေးခြေလျင်ပဲပြန်ဖြစ်သည်။ "အေး""ဆေး"ဆိုမှ လွန်ခဲ့တဲ့တစ်လက ရှောင်းကျန့်ရဲ့အနောက်ကို ကောင်လေးတစ်ယောက်က စပြီးလိုက်လာသည် ။သူ့အနောက်ကနေပဲ (၅)ရက်လောက်ဆက်တိုက်လိုက်နေတော့ သူကပဲ အကြီးပီပီသိချင်တာကိုမေးရတာပေါ့ ။

"ကောင်လေး...ဘာကြောင့် ငါ့နောက်ကို နေ့တိုင်းလိုက်နေတာလဲ ။"လို့မေးတော့

"မောင်က ခင်ဗျားကိုချစ်လို့ပေါ့"တဲ့

ထိုကောင်လေးက သူ့ကိုယ်သူ 'မောင်'တဲ့ ။အဲ့တုန်းက ရှောင်းကျန့်မှာ ထိုကော‌င်လေးရဲ့အဖြေကိုကြားပြီး အံ့ဩလွန်းလို့ ဘာသံမှထပ်ထွက်မလာတော့ဘူးလေ ။ကောင်လေးက ဗြုန်းစားကြီး သူ့ကိုဖွင့်ပြောသွားတယ် ။

အသက်(၃၀)ပြည့်ပြီးပေမဲ့ တစ်ခါမှ အခုလိုပုံစံမျိုးနဲ့ပိုပန်းတဲ့သူမရှိခဲ့ဖူး‌ပါ။ ကျောင်းတုန်းက သူ့ရဲ့ပြေပြစ်တဲ့ရုပ်ရည်‌ကြောင့် သူကကျောင်းမှာဆိုနာမည်ကြီးတာမို့ အခုလိုမျိုးဗရုတ်သုတ်ခကြီး အပိုးမခံရဖူးပေ ။ကဗျာတစ်တန် စာတစ်တန်တွေနဲ့ဖွဲ့နွဲ့ထားတဲ့ စာအိတ်လှလှလေးတွေသာ ရခဲ့ဖူးသည် ။ဒါပေမဲ့ အဲ့တုန်းကကျရင်မခုန်ခဲ့ဘဲ အခုလိုအခြေအနေမှရင်ခုန်နေတဲ့ သူ့နှလုံးသားကို ရှောင်းကျန့်ကမကျေနပ်ချင်ပါ ။

မောင်....လူဆိုး(ေမာင္....လူဆိုး)Where stories live. Discover now