Part-4

5.7K 438 2
                                    

Unicode

"မွ...နွေးနွေးထွေးထွေးနေနော် မောင့်ပေါင်ပေါင်းလေး ။"

သူ့အဖေရှေ့မှာတောင်မရှောင် ပါးကိုလာနမ်းပြီးထွက်သွားတဲ့ ဝမ်ရိပေါ်ကြောင့်လဲ ရှောင်းကျန့်မှာ ဒေါသထွက်ရပြန်ပါသည် ။ဒီလောက်ဖြစ်နေတာကို ဘာလို့နားမလည်ရတာလဲ။ ရှောင်းရန်မှာလဲ သူ့အရှေ့မှာဖြစ်ပျက်သွားတဲ့ အဖြစ်အပျက်ကြောင့် ကြောင်နေမိသည်။

ကုလားမနိုင် ရခိုင်မဲဆိုသလို ဦးရှောင်းရန်က ရှောင်းကျန့်ရဲ့လက်ကောက်ဝတ်ကိုဆွဲပြီး အိမ်ထဲအရောက်မှာတော့ အကြမ်းပတမ်းကြမ်းပြင်ပေါ် တွန်းချလိုက်သည် ။

"ဘယ်လိုလုပ်လိုက်တာလဲကိုယ်ရယ်...ဖြေးဖြေးလုပ်လဲရပါတယ် ။ဒီမှာသားလေး နာကုန်တော့မယ် ။"

ရှောင်းမေက လှဲနေတဲ့အားကျန့်ကိုထူရင်းပြောလိုက်သည် ။ခုနကတည်းကအပြင်ထွက်‌ချင်နေပေမဲ့ သူမရဲ့ယောကျာ်းကမထွက်ခဲ့ဖို့မှာထားတာမို့ သူမက အိမ်ထဲကနေသာ စောင့်နေရသည် ။

"ဖြေးဖြေးလုပ်ရမယ်ဟုတ်လား ။ငါကသတ်တောင်သတ်ပစ်ချင်တာ မင်းသားကို ။"

"ဦးရှောင်းရန်...ရှင်ခလေးကိုဘယ်လိုတောင်ပြောလိုက်တာလဲ။ ဒါ ရှင်မွေးထားတဲ့သားဆိုတာရောသတိရသေးရဲ့လား ။"

"သူ့ကိုငါ့သားလို့ပြောရမှာတောင်ရှက်တယ် ။ငယ်ငယ်ကတည်းက ကိုယ်တို့ပျိုးထောင်ခဲ့ရတာတွေ အကုန်အလကားဘဲကွ..သိရဲ့လား မေရဲ့ ။မင်းရဲ့သားက ယောကျာ်းချင်းကြိုက်နေတာရော..မင်းသိရဲ့လား ။"

ရှောင်းမေက သူမပါးပြင်ပေါ်ကမျက်ရည်တွေကို ခပ်ကြမ်းကြမ်းသုတ်လိုက်တယ် ။သူမဘဝမှာ ဘယ်တုန်းကမှသူမယောကျာ်းကိုစိတ်ပျက်ခဲ့ဖူးတာမရှိဘူး အရာအားလုံးကိုသူမသည်းခံနိုင်သလောက်သည်းခံခဲ့တယ် ။ဒါမဲ့ ဒီတစ်ခါတော့ချွင်းချက်ပေါ့...

"အဲ့တော့..ဘာဖြစ်လဲ ။သားက ယောကျာ်းလေးဖြစ်နေတာနဲ့ပဲ ယောကျာ်းလေးတစ်ယောက်ကိုချစ်လို့မရဘူးလား ။ဘယ်သူကများဒီဉပဒေကိုထုတ်ထားတာလဲ ။ကျွန်မသားစိတ်ချမ်းသာဖို့ဆို ဘယ်ဉပဒေကိုမဆို လျစ်လျူရှုလိုက်ဖို့ဝန်မလေးဘူး ။"

မောင်....လူဆိုး(ေမာင္....လူဆိုး)Where stories live. Discover now