Unicode
"မျက်လုံးလေးမှိတ်လိုက်ပါဦး ။"
မိတ်ကပ်ဆရာမပြောတဲ့အတိုင်း ရှောင်းကျန့်ကမှိတ်လိုက်တော့သူ့မျက်ခွံပေါ်သို့ ဘာတွေမှန်းမသိဘူးခြယ်သနေသည် ။
"မောင်လေး..မျက်ရည်မကျအောင်ထိန်းထားလို့ရမလား ။"
သူမကလိမ်းလိုက်ပြန် ထိုကောင်လေးကမျက်ရည်ကျပြန်ဖြစ်နေတော့ ခနခနပြန်လိမ်းနေရတာက ကိစ္စမရှိပေမဲ့ ပထမတုန်းကလိုတော့ မျက်နှာလေးက ပြေပြေပြစ်ပြစ်လေးရှိနေတော့မှာမဟုတ်လို့ သူမကပြောရသည် ။ ထိုကောင်လေးက သူမမိတ်ကပ်စလိမ်းကတည်းက မျက်ရည်ကတစ်စက်ချင်းစီးကျနေတာ ။
"ဟုတ်.."
မြိုသိပ်ထားရတာများလွန်းလို့ ရှောင်းကျန့်က ရင်ထဲမွန်းကြပ်နေပြီ ။ဝမ်ရိပေါ်နဲ့ တ ကယ်ဝေးရတော့မယ်လို့တွေးလိုက်ရင် ဝမ်း နည်းစိတ်ကလှိုက်နက်လာသည် ။ဟိုနေ့ညကလာပြီးကတည်းက ဝမ်ရိပေါ်က တစ်ခါမှပေါ်မလာတော့ပေ ။သူ့ကို တကယ်ပဲထားသွားခဲ့ပြီထင်ပါရဲ့ ။မဟုတ်ဘူး...သူကအရင် ရက်စ က်ခဲ့တဲ့သူပဲ ။ဒါကိုသူကပဲအရှက်မရှိ....။
'ဟုတ်'လို့ပြောပြီး မျက်ရည်ကစီးကျလာပြန်တဲ့ ထိုကောင်လေးကိုသူမက ဂရုဏာသက်မိသည် ။ဘာလို့များ ပျော်စရာအချိန်မှာ ဝမ်းနည်းနေရတာပါလဲ ။
"သတို့သားကို ပြင်ဆင်လို့ပြီးပြီလား ။"
အခန်းထဲဝင်လာတဲ့လူတစ်ယောက်က မေးလာသည် ။
"မဂ်လာအချိန်ကလိုပါသေးတယ်.."
သူမက ထိုကောင်လေးရဲ့ပါးပေါ်သို့ သနပ်ခါးမှုန့်ပါးပါးလေးအုပ်ရင်းပြန်ပြောလိုက်သည် ။
"သူဌေးက ဓာတ်ပုံရိုက်မလို့ ခေါ်ခိုင်းလိုက်လို့ပါ ။"
"အော်...ရပြီ..ဓာတ်ပုံရိုက်ပြီးရင်တော့ ဒီကိုပြန်လာခဲ့ဦးနော် ။"
"ဟုတ်..."
ရှောင်းကျန့်က ဦးထုပ်ဆောင်းထားတဲ့ ထိုလူငယ်နောက်ကိုလိုက်ခဲ့လိုက်သည် ။မဂ်လာကိစ္စကိုလဲ သူကစိတ်မဝင်စားတာမို့ ဘာအစီအစဉ်ပြီးဘာလာမယ်ဆိုတာကိုလဲသိမနေပေ ။ ထိုလူငယ်က ဘယ်ကိုခေါ်သွားနေလဲတော့ ရှောင်းကျန့်ကမသိဘူး ။ခန်းမထဲကနေ အပြင်ဘက်ကိုရောက်လာတော့...
YOU ARE READING
မောင်....လူဆိုး(ေမာင္....လူဆိုး)