Part-5

5K 397 3
                                    

Unicode

ရိပေါ်က ကျောင်းစောင့်ဦးလေးကြီးနဲ့အပေးအယူတည့်သွားပြီး ကျောင်းဝင်းထဲဝင်ခွင့်ရသည် ။အရင်နေ့တွေက ရင်းနှီးဖို့ကြိုးစားထားတာ အလကားမှမဟုတ်တာ။ရိပေါ်က ကျောင်းဆေးခန်းကိုပဲခပ်မြန်မြန်လျှောက်ခဲ့လိုက်သည် ။သူ..ရှောင်းကျန့်နဲ့မတွေ့ရတာ (7)ရက်ရှိနေပြီ ။ဟို‌နေ့ကစပြီး ဘိုးတော်က ဘာစတန့်ထွင်လိုက်သည်မသိ ။ရှောင်းကျန့်က ကျောင်းအသွားအပြန် ကားနဲ့ဖြစ်လာသည်။ ရိပေါ်မှာ ကားပြတင်းပေါက်ကမျက်နှာရေးရေးလေးကိုပဲငေးပြီးနေရသည်။အိမ်ရှေ့ကိုခနခနသွားပေမဲ့လဲ ရှောင်းကျန့်ရဲ့ အရိပ်လေးတောင်မတွေ့ရပေ ။ဒီနေ့သာမတွေ့ရရင် ရိပေါ်က ညကို ရှောင်းကျန့်ရဲ့အခန်းကိုခိုးတက်ဖို့စဉ်းစားထား‌သည်။

ဆရာဝန်ကုတ်အဖြူလေးနဲ့ လှရက်နေသော သူ့ရဲ့ရှောင်ရှောင်းက မျက်နှာလေးချောင်ကျသွားသလိုပဲ ။

"ပေါင်ပေါင်း..."

"ဟင်.."

ရိပေါ်က အံ့ဩသလိုလေးဖြစ်နေတဲ့ ရှောင်းကျန့်ဆီကို အမြန်သွားလိုက်ပြီး လွမ်းနေခဲ့တဲ့ကိုယ်လုံးလေးကို ဆွဲဖက်လိုက်ရသည်။မထင်မှတ်ထားစွာပဲ ရင်ခွင်ထဲကနေ ရှောင်းကျန့်ကလဲ သူ့ခါးတစ်ဝိုက်ကိုဖက်တွယ်လာသည်။

ရိပေါ်က ရှောင်းကျန့်ရဲ့ဆံပင်မွှေးမွှေးလေးကိုနမ်းခြိုက်လိုက်ပြီး...

"လွမ်းနေခဲ့ရတာ ခင်ဗျားလေးရဲ့.."

"......."

"မောင့်ရဲ့ပေါင်ပေါင်းလေးကို သူတို့ဘာလုပ်သေးလဲ...."

မျက်နှာချင်းဆိုင်ပြီး ရိပေါ်ကမေးတော့ ရှောင်းကျန့်ကအကြည့်ကိုလွှဲလိုက်ကာ....

"ဟင့်အင်း...ဘာမှမလုပ်ပါဘူး။"

ရှောင်းကျန့်အမူအရာကိုကြည့်ရင် လိမ်နေမှန်းသိပေမဲ့ ရိပေါ်ကဆက်မမေးတော့ပါ။

"မောင့်ကို တစ်ပတ်ကြီးတောင်ပစ်ထားရက်လိုက်တာ ။"

"တောင်းပန်ပါတယ်..."

ရှောင်းကျန့်က ခပ်တိုးတိုးလေးတောင်းပန်ရှာသည် ။ဒါ‌ပေမဲ့ ဘာကိုတောင်းပန်ချင်တာမှန်း ရိပေါ်ကသေချာမသိဘူး ။

မောင်....လူဆိုး(ေမာင္....လူဆိုး)Where stories live. Discover now