Unicode
"ဟျောင့်....ဖြစ်ပါ့မလား..အဲ့ဦးရှောင်းရန်ဆိုတဲ့သူကြီးက တော်တော်ဒေါသကြီးတာနော် ။"
"ဖြစ်ပါတယ်ဆိုကွာ ..ဘာလဲမင်းကကြောက်နေတာလား။"
"ကြောက်ရင်မင်းမလိုက်နဲ့ကွာ .ငါနဲ့ဟောက်ရွှမ်းပဲသွားမယ် ။"
"ဟုတ်တယ် ယွီပင်း...ကြောက်ရင်နေခဲ့။"
"ငါ..ငါက ဘာကိုကြောက်ရမှာလဲ.. သွားမယ်။"
သူ့ကိုငကြောက်လို့လဲမထင်စေချင်တာကြောင့် ယွီပင်းမှာ ရိပေါ်တို့နှင့်အတူလိုက်ခဲ့ရသည် ။အဲ့ဦးရှောင်းရန်ဆိုတာက ယွီပင်းတို့ရပ်ကွက်မှာနာမည်ကြီးပဲ။ ချမ်းသာသလောက် မာနလဲကြီးပြီး ဒေါသလဲကြီးသည်။ ရိပေါ်နှင့်ဟောက်ရွှမ်းက ယွီပင်းတို့ရပ်ကွက်ကမဟုတ်လို့ ဦးရှောင်းရန်အကြောင်းမသိတာ။ သူတို့ရပ်ကွက်မှာဆို ဦးရှောင်းရန်တို့မိသားစုကို အတတ်နိုင်ဆုံးရှောင်ကြသည် ။လူလူချင်းအတူတူ မတူသလို မတန်သလိုဆက်ဆံတာ ဘယ်သူကမှသဘောကျမနေဘူးလေ ။ဦးရှောင်းရန်ရဲ့သား ရှောင်းကျန့်ဆိုသူတစ်ယောက်သာ ပတ်ဝန်းကျင်နဲ့သင့်မြတ်သည် ။ယွီပင်းတို့ကလဲ ဒေါကတာ့ကိုတော့ တော်တော်ကြီးခင်ကြပါသည်။ရှောင်းလောင်ရှီးကသဘောကောင်းတာကို ။ဒါမဲ့ ယွီပင်းနောင်တရတာက ကျောင်းကိုသွားနေတဲ့ရှောင်းလောင်ရှီးကို ရိပေါ်တို့နှင့်အတူ လက်ဖက်ရည်ဆိုင်ထိုင်နေရင်း ယွီပင်းကလှမ်းနူတ်ဆက်မိတာကိုပဲ။
ရိပေါ်နှင့်ဟောက်ရွှမ်းမှာ ယွီပင်းဖြစ်နေတဲ့ရုပ်ကို ကြည့်ပြီး တစ်ယောက်ကိုတစ်ယောက်မျက်စပစ်ပြကာ ပြုံးစိစိလုပ်နေကြသည်။
ရိပေါ်က ရှောင်းကျန့်အခန်းကိုမြင်ရတဲ့ဘက်ကို နေရာယူလိုက်ပြီး လက်ထဲက ဂီတာကို ကြိုးညှိလိုက်တယ် ။
'တင်...တင်'
ရိပေါ်က ဂီတာကြိုးကို နှစ်ချက်လောက်အရင်စထိလိုက်သည်။ တိတ်ဆိတ်နေတဲ့ ပတ်ဝန်းကျင်ကြောင့် ရိပေါ်ရဲ့ဂီတာသံက အတော်လေးကျယ်နေလေသည် ။ရိပေါ်က ဂီတာကြိုးပေါ် သူ့လက်ချောင်းလေးတွေကို ဟိုသည်ပြေးလွှားလိုက်တော့ ငြိမ့်ညောင်းတဲ့သံစဉ်လေးကထွက်ပေါ်လာသည်။
YOU ARE READING
မောင်....လူဆိုး(ေမာင္....လူဆိုး)