Unicode
"ရိပေါ် ဒီမှာကြည့်ဦး..."
လက်ဖက်ရည်သောက်နေတုန်း ဟောက်ရွှမ်းက အလန့်တကြားနဲ့ သတင်းစာကြီးထိုးပေးလာတာကြောင့် ရိပေါ်ကယူဖတ်လိုက်သည် ။
စာမျက်နှာ (၅)ရဲ့ ထိပ်ပိုင်းနားလေးမှာရေးထားတာက..
ရှောင်းအိမ်ကသားကြီး ရှောင်းကျန့်နှင့် ကောင်းအိမ်က သမီး ကောင်းအန်းဇီတို့ရဲ့မဂ်လာသတင်းဆိုပြီး ကြော်ငြာထည့်ထားသည် ။ ဘိုးတော်က မြန်သားပဲ မဂ်လာကိစ္စကိုတောင် ဒီရက်လေးအတွင်းမှာစီစဉ်နိုင်တယ် ။ရိပေါ်က နူတ်ခမ်းတွန့်ရုံခပ်မဲ့မဲ့ပြုံးလိုက်သည် ။အဲ့ဒါကြောင့် မနေ့ကခင်ဗျားလေးက အထူးအဆန်းစကားတွေပြောနေခဲ့တာကို ။မောင့်ကို ဒီလိုလုပ်လို့ရကြေးလား ခင်ဗျားရ ။
"ရိပေါ်...မင်းဘာဆက်လုပ်မလဲ ။"
"ဟုတ်တယ် ရိပေါ်...မဂ်လာရက်က သန်ဘက်ခါဆိုရောက်နေပြီ။ မင်း ဒေါက်တာ့ကိုလက်လွှတ်တော့မလို့လား ။"
ဒေါက်တာရှောင်းရဲ့မဂ်လာသတင်းကိုမြင်ပြီးတာတောင် အေးဆေးနေနိုင်တဲ့ ရိပေါ်ကို ယွီပင်းကနားမလည်နိုင်တော့ ။သူပဲ ချစ်ရချည်ဆိုပြီး.....
"ယွီပင်းရာ...အေးဆေးနေပါ ။ရိပေါ်သူ့ပါသူကြည့်လုပ်လိုက်မယ် ။ရိပေါ် အကူအညီလိုရင်ပြောနော် ။"
"အင်း...ငါသွားတော့မယ် ။ငါစီစဉ်စရာရှိသေးလို့ ။"
ရိပေါ်ထွက်သွားတော့ ယွီပင်းကစိတ်မကောင်းစွာနဲ့ပဲ....
"ဟောက်ရွှမ်း ရိပေါ်ကိုတစ်ယောက်ထဲလွှတ်ထားလို့ဖြစ်ပါ့မလား ။စိတ်ထင်ရာတွေလျှောက်လုပ်နေဦးမယ် ။ ဦးရှောင်းရန်က ငွေအားရော လူအားရောရှိတဲ့သူ သွားမထိသင့်တဲ့လူ ။ရိပေါ်ဒုက္ခရောက်နေမယ် ။မဖြစ်ဘူးထင်တယ်နော်....ဒီအတိုင်း ဒေါက်တာ့ကိုလက်လွှတ်လိုက်ဖို့ ငါတို့ဖျောင်းဖျရအောင် ။"
ယွီပင်းစကားကြောင့် ဟောက်ရွှမ်းကိုယ်မှာမတ်ခနဲ။ ဘယ့်နှယ် အဲ့စကားသာ ဝမ်ရိပေါ်ကိုသွားပြောမိရင် မတွေးရဲစရာပဲ ။ဝမ်ရိပေါ်က ဒေါက်တာရှောင်းကိုအရမ်းစွဲလန်းတာဝမ်းကွဲဖြစ်တဲ့သူ့အသိပဲ ။
![](https://img.wattpad.com/cover/299564482-288-k905190.jpg)
YOU ARE READING
မောင်....လူဆိုး(ေမာင္....လူဆိုး)