Part-3

5K 441 4
                                    

Unicode

ရှောင်းကျန့်က ကျောင်းထဲကထွက်လာတော့ ဝမ်ရိပေါ်က ကျောင်းစောင့်ဦး‌လေးကြီး နဲ့ စကားတွေဖောင်ဖွဲ့နေတာကို တွေ့လိုက်ရသည်။ ဘယ်တုန်းကအဲ့လောက်ရင်းနှီးသွားကြတာလဲ...။ဝမ်ရိပေါ်က လွယ်လွယ်နဲ့ပေါင်းသင်းလို့ရတဲ့သူမဟုတ်ပါဘူး ။

"ဒေါကတာ ပြန်တော့မလို့လား ။"

"ဟုတ်ကဲ့...ဦးလေး ။"

ရှောင်းကျန့်ကထုံးစံအတိုင်းပဲ ဝမ်ရိပေါ်ကိုလျစ်လျူရှုပြီးဆက်သွားသည်။ သူ့နောက်က လိုက်လာတဲ့ခြေသံလေးကို နားစွင့်ရတာလဲ ရှောင်းကျန့်ကသဘောကျရပါသည် ။

"‌မနေ့ကကိစ္စအတွက်တောင်းပန်ပါတယ်...မောင့်ကြောင့် ‌ခင်‌ဗျားလေးအဆူခံလိုက်ရတယ် ။"

ရှောင်းကျန့်က လမ်းလျှောက်နေရင်းရုတ်တရက် ရပ်လိုက်တော့ ရိပေါ်လဲ ရပ်လိုက်ရသည် ။

"ရပါတယ် ထပ်မလုပ်ဖို့ပဲတောင်းဆိုချင်တယ်ဝမ်ရိပေါ် ။"

"ကတိပေးပါတယ်...မောင်ထပ်မလုပ်တော့ပါဘူး။"

"အခုလိုမျိုး ဆက်လိုက်နေတာရော ရပ်ပေးပါလား ။"

"ဟင့်အင်း..ဒါတော့မရဘူးထင်တယ် ။ခင်‌ဗျားလေးကို မတွေ့ရရင် မောင်သေမှာဗျ။ "

"အပိုတွေ ပြောပြန်ပြီ ။"

"မယုံဘူးလား ။"

"ယုံချင်စရာမှမရှိတာကိုနော် ။"

"ခင်ဗျားလေး မောင့်ကိုအဖြေပြန်‌မပေးသေးဘူးလား ။"

"ငါကပြန်ပေးမယ်လို့ ပြောထားမိလို့လား ။"

"ခင်ဗျားက ရက်စက်လိုက်တာ ။"

"ဘယ်မှာရက်စက်လို့လဲ ။"

"ကျစ်...ခင်ဗျားကစကားကိုလှည့်ပတ်ပြီးပြောနေတာပဲ။ "

မျက်နှာလေး စူပုတ်ပုတ်ဖြစ်နေတဲ့ ဝမ်ရိပေါ်ကိုကြည့်ပြီး ရှောင်းကျန့်ကရီချင်လာသည် ။

"အဟက်...ဟက်။"

ရီလိုက်တော့ သွားတန်းဖွေးဖွေးလေးပေါ်လာတဲ့ ရှောင်းကျန့်က အရမ်းလှတာပဲ ။ဘယ်သူနဲ့မှမထိုက်တန်တဲ့အဖိုးတန်လူသားလေးလို့ပဲ ရိပေါ်ကသတ်မှတ်လိုက်ချင်တယ် ။သူကလွှဲလို့ပေါ့.....

မောင်....လူဆိုး(ေမာင္....လူဆိုး)Where stories live. Discover now