"ရှင်းရှန်"

41 2 2
                                    

ရှင်းရှန်က လျို့ဝှက်ချက်သိပ်များတဲ့လူပဲ

"ဖြောင်း" ကြီးမားလှတဲ့ အိမ်ခန်းထဲမှ ထွက်ပေါ်လာတဲ့ ကျယ်လောင်သောအသံ

"ကလေးကို မရိုက်ပါနဲ့" အမျိုးသမီးတဦးက လဲကျသွားတဲ့ ကောင်မလေးရှေ့ကနေ ကာပေးနေတယ်

"မင်းဖယ် ဒီကောင်မကို ရိုက်မှဖြစ်မယ်" ထောင်းထောင်းမောင်းမောင်း အမျိုးသားတဦးက စိတ်ဆိုးဒေါသထွက်နေဟန်တူတယ်

"ရှင်းရှန် အခန်းထဲသွားတော့" ထိုအမျိုးသမီးက ငိုယိုနေတဲ့သူသမီးကို ထူလိုက်ရင်း မြန်မြန်သွားရန် တွန်းပို့နေသည်

"ဒါပေမယ့် အမေ " ရှန်းရှန်က ပြောမဆုံးမှာပင်

"ဟဲ့ ငါက နင်ကို ဘယ်လောင်မြေထောင်မြောက်ပေးလိုက်ရသလဲ နင်အရင်ကျောင်းမှာ ပြသနာရှာလို့လည်း နာမည်ပျက်ခံပြီး ကျောင်းပြောင်းပေးရတယ်အခုကျောင်းမှာလည်း နင် လင်ဟွမ်ကိုတောင် မကျော်နိုင်ဘူးလား"ထို ဦးလေးက ခက်ထန်ထန်ပြောနေလေသည်

"သမီးသွားတော့ "အန်တီက ထိုအမျိုးသားအားတားရင်း သူသမီးကို သွားရန် အချက်ပြနေလေသည်

"ဒါပေမယ့်လည်း 5မှတ်ပဲကွာတာလေ " ရှင်းရှန်က ငိုနေရင်း အော်ပြောလေသည်

"ငါက ဝန်ကြီး သူအဖေက စီးပွားရေးသမား သူနဲ့ငါက မိတ်ဆုံစားပွဲမှာဆိုအမြဲတွေ့နေရတာ နင်အဖေငါက သူထက်အဆင့်မြင့်တယ် အ့တော့ ငါသမီးဖြစ်တဲ့နင်ကလည်း သူသားထက် သာကိုသာရမယ် " ထိုလူက အော်ဟစ်လေသည်

ထိုအခါမှ ရှင်းရှန်က အခန်းထဲပြေးဝင်ပြီး lockချလိုက်လေတော့သည်

"အ့တာအားလုံး ကျန်းကျန်းအပြစ်တွေပဲ သူသာမရှုပ်ခဲ့ရင် ငါလည်းဒီလိုဖြစ်ရမှာမဟုတ်ဘူး" သူမက သူမမျက်ရည်တချို့ကိုသုတ်လိုက်လေသည်

"သားရေ ထမင်းစားကြမယ်" မားက အောက်ထပ်ကအော်ခေါ်နေသံဖြစ်သည်

လင်ဟွမ်က ဖတ်လက်စ စာအုပ်ကို ခေါက်လိုက်ကာ စားပွဲခုံပေါ်တင်လိုက်ပြီး အခန်းထဲမှ ထွက်လာလေသည်

ပြတင်းပေါက်မှ ထိုးလာသော အလင်းရောင်ထိုးလိုက်သဖြင့် စာအုပ်ပေါ်မှ စာလုံးကလေးများမှာ အရောင်ပြန်နေလေသည် ထိုစာလုံးများက "Density To Love You"

My prince is tragic and coldWhere stories live. Discover now