"I will protect u"

58 1 0
                                    

"သမီး သမီး" ဦးလေးက အရင်ထကာ လူနာတွန်းလှည်းဘေးပြေးသွားလေသည် ဆရာဝန်က "အခုစိတ်ချရပါပြီ ခုနက မေ့ဆေးပေးထားလို့ ခဏအိပ်ပျော်နေတာပါ နာရီဝက်လောက်နေရင် သတိရမှာပါ အချိန်မှီဆေးရုံရောက်လာလို့ တော်ပါသေးတယ် မဟုတ်ရင် အသက်အန္တရာယ်စိုးရိမ်ရပါတယ်" ဟုဆိုကာ ထွက်သွားလေသည်

လင်ဟွမ်က အိပ်ပျော်နေသည့် ကျန်းကျန်းမျက်နှာအား တချက်ကြည့်လိုက်လေသည် ထိုနောက့် "ကျွန်တော် ကျန်းကျန်းနိုးတဲ့ထိ ရှိနေချင်ပါတယ် ခွင့်ပြုပေးလို့ရမလား" လင်ဟွမ်က ကျန်းကျန်းအဖေကို မေးလိုက်လေသည်

"ရတာပေါ့ လာလေ အတူတူသွားကြရအောင်" ဟုဆိုကာ လူနာထားခန်းသို့လျှောက်သွားကြလေသည်

နာရီဝက်ကြာသောအခါ ကျန်းကျန်း နိုးလာလေသည် သူမနိုးလာလာချင်း မြင်ရတဲ့သူက လင်ဟွမ်ဖြစ်နေလေသည် လင်ဟွမ်မှ "ကျန်းကျန်း နိုးပြီလား" လို့ မေးလေသည်

ကျန်းကျန်းမှ မျက်လုံးကိုပွတ်ကြည့်လိုက်ရင်း"ငါအိပ်မက်မက်နေတာလား "ဟုမေးလေသည်

"အိပ်မက်တော့ဖြစ်မယ်မထင်ပါဘူး ငါကဖြင့် မင်းကိုဆက်တိုက်စိတ်ပူနေတာ" လင်ဟွမ်က တဖက်ကိုမျက်နှာလှည့်လိုက်ရင်း ပြောလေသည်

ကျန်းကျန်းက မျက်ရည်ကျလာရင်း "ငါက နင်ငါ့ကိုထပ်စကားမပြောတော့ဘူး ထင်နေတာ စိတ်ဆိုးနေတယ်ထင်နေတာ "
လင်ဟွမ်က အနားတိုးလာကာ မျက်ရည်သုတ်ပေးလိုက်ရင်း "စိတ်မဆိုးပါဘူး ဘာလို့ငိုရတာတုံး အခုချိန်စိတ်ဆိုးရင် ငါက မကောင်းတဲ့သူဖြစ်သွားမှာပေါ့" ရယ်အောင်စလိုက်လေသည်

"အဲဒါက နင်က စကားမှမပြောတာကိုး " ဟု ကျန်းကျန်းက အော်လိုက်ရင်း ဗိုက်ကတစ်ချက်အောင့်လာလေသည် "အား"

"ဗိုက်နာတာလား ချုပ်ရိုးကြောင့်ထင်တယ် ဆရာဝန်သွားခေါ်ခဲ့မယ် မလှုပ်နဲ့နော်"ဆိုကာ ပြေးထွက်သွားလေသည်
ထိုနောက့်ချက်ချင်း ပြန်ဝင်လာကာ "တစ်ခုပြောဖို့ မေ့ခဲ့လို့ မင်းဒေါသထွက်မလားမသိပေမဲ့ ငါမင်းအဖေကို ဖုန်းခေါ်ထားတာ သူမင်းသတိမရမချင်းစောင့်နေတာ ဘာမှမစားထားလို့ ထမင်းသွားစားခိုင်းထားတာ ခုနနေလာလိမ့်မယ် "ဆိုကာ ပြန်ထွက်သွားပြန်သည်

Naabot mo na ang dulo ng mga na-publish na parte.

⏰ Huling update: Dec 08, 2023 ⏰

Idagdag ang kuwentong ito sa iyong Library para ma-notify tungkol sa mga bagong parte!

My prince is tragic and coldTahanan ng mga kuwento. Tumuklas ngayon