"သူတို့ကဘာတွေလဲ"

93 11 3
                                    

လင်ဟွမ်က မသွားခင် ကျန်းကျန်းဆီ ပြန်လှည့်လာကာ
"နောက်ထပ် အတန်းမလစ်နဲ့ လစ်ရင် ငါမင်းနဲ့ သူငယ်ချင်းမလုပ်တော့ဖူး"

ထွက်သွားသည့် လင်ဟွမ်အား ငေးကြည့်နေရင်း "ဘာ သူငယ်ချင်းမလုပ်တော့ဖူး အ့တာဆိုရင် အခုငါတို့က သူငယ်ချင်းတွေလား!!!"

ကျန်းကျန်းက ချက်ချင်းစာပို့လေသည် "အ့တာဆိုရင် ငါတို့ကအခုသူငယ်ချင်းတွေလား?"

ခဏနေတော့ စာပြန်ရောက်လာလေသည် "အ့တာမင်းလုပ်ရပ်အပေါ်မူတည်မှာပဲ "

ကျန်းကျန်းကတောက်ပစွာပြုံးလိုက်ရင်း ဖုန်းကိုသိမ်းလိုက်လေသည် "ဟုတ်ပြီကွ!"

လီရန်က နောက်နေ့ကျ ကျန်းကျန်းကို မနေ့ကကိစ္စပြောရမလိုလို မပြောရမလိုလို ဖြစ်နေလေသည် ပြောမယ်ဆိုပြီး ကျန်းကျန်းကို ခေါ်လိုက်တော့ "ကျန်းကျန်း"

"ဘာလဲ" ကျန်းကျန်းက လှမ်းမေးလေသည်

ထိုအချိန်မှာပဲ လင်ဟွမ်က "ကျန်းကျန်း အိမ်စာပြီး"လား ပြီးရင်ပေး" လင်ဟွမ်က ကာသွားလေသည်

"အင်း အ့တာကလေ ဟို " ကျန်းကျန်း အခက်တွေ့လေပြီ အိမ်စာကမပြီးသေးပါ မပြီးသေးဖူးလို့ ပြောလိုက်ရင်လည်း သူစိတ်ဆိုးချေတော့မည်

"မပြီးသေးဖူးလား အခုမတွက်ရင် ငါမင်းနဲ့...."

ကျန်းကျန်းက လက်ကာလိုက်ရင်း "ကောင်းပြီ ကောင်းပြီ အခုတွက်လိုက်ပါမယ် ရပြီ"

အ့တာမှ လင်ဟွမ်ကသူနေရာပြန်သွားထိုင်လေသည် ကြားထဲကလီရန်က ဘာမှမေးလို့လည်းမရလိုက်တော့ချေ

"ချန်းလီ  သူတို့ကထူးဆန်းနေတယ်မထင်ဖူးလား?" လီရန်က ချန်းလီနဲ့ ထမင်းစားနေရင်း မေးလေသည်

"ဘယ်သူတို့လဲ?" ချန်းလီက ပြုံးရင်းပြန်မေးလေသည်

"သူတို့ပေါ့ သူတို့" လီရန်က ရှေ့ကနှစ်ယောက်အား တူနဲ့ထိုးပြကာ မေးလေသည်

လင်ဟွမ်နဲ့ ကျန်းကျန်းက ထမင်းစားနေရင်းကနေ ရပ်လိုက်ကြကာ တယောက်နဲ့တယောက်ကြည့်လိုက်ရင်း

"ဘာထူးဆန်းလို့လဲ?" ပြိုင်တူအသံထွက်လာလေသည်

"အခုလည်းကြည့်  ငါကြောက်တောင်လာပြီ"လီရန်က ပြောလေသည်

My prince is tragic and coldTempat cerita menjadi hidup. Temukan sekarang