"ဒီကောင်မလေး သပ်"ငါကိုရှုပ်နေတာ"

152 12 4
                                    

For unicode-

အားလင်အိမ်ပြန်ရောက်မှ သူနှဖူးသူမှန်ထဲ ပြန်ကြည့်မိတယ် နဖူးထောင့်ညိုနေလေသည် 'ဘယ်လိုအားနဲ့ ပစ်လိုက်တာလဲ?'

သူအမေမြင်ရင် စိတ်ပူမှာစိုးသဖြင့် ဆံပင်ချကာ အုပ်ထားလိုက်လေသည် ထိုနောက် ကျောင်းမှပါလာသော အိမ်စာတချို့အား လုပ်ရန်ထုတ်လိုက်လေသည်။

နောက်နေ့၌လည်း လုကျန်းကျန်းက သူအား မေးထောက်ကာ အတန်းချိန်တိုင်း ကြည့်နေသည်ကို ခံစားမိလေသည် သို့သော် ပြန်မကြည့်မိ "စိတ်မဝင်စားဖူး သူမကို"

နေ့လည်စားဆင်းချိန်၌ဖြစ်သည် လင်ဟွမ်က အိမ်သာမှ အခန်းထဲသို့ပြန်ရန် လာနေတုန်း အားကစားကွင်းနား၌ ဖြစ်လေသည်။

"ဘန်း" ကောင်မလေးတယောက်က နောက်တယောက်ကို နပန်ကျင်းလိုက်ခြင်းဖြစ်သည် အားအတော်ပြင်းသည်။

လင်ဟွမ်ကြောင်တောင်သွားလေသည် နပန်ကျင်းနေသောသူမှာ အခြားလူမဟုတ် သူအခန်းဖော် လုကျင်းကျင်းဖြစ်နေသည် "သူက ဘာလား?"

လုကျင်းကျင်းက သူအားမြင်သောအခါ "အ့လို မဟုတ် မဟုတ်" မရှင်းပြလိုက်ရသေး လင်ဟွမ်က ထွက်သွားလေသည်။

"သွားပြီ နင်သွားတော့ နောက်တခါ သူငယ်ချင်းကိုအနိုင့်မကျင့်နဲ့" အရိုက်ခံလိုက်ရသည့် ကောင်မလေးအား သွားရန် လက်ခါပြလေသည်။

လုကျင်းကျင်းက ကျောင်းအား ပတ်ကြည့်နေရင်း ကောင်မလေးနှစ်ယောက် ရန်ဖြစ်နေသည်ကို မြင်လိုက်ခြင်းဖြစ်သည် အခုရိုက်ခံလိုက်ရသည့် ကောင်မလေးက အခြားကောင်မလေးရဲ့ မုန့်ကိုလုနေခြင်း ဖြစ်သည် "ငါဝယ်လာတာ နင်ကဘာလို့ငါမုန့်ကို အမြဲလုစားနေတာလဲ?"

"စားချင်လို့လေ ပေး"

"ခွက်" လုကျင်းကျင်းက ခေါင်းခေါက်လိုက်လေသည်။

"အဒေါ်ကြီး ရူးနေပြီလား ဘာလို့ ငါခေါင်းကိုလာခေါက်တာလဲ?" ထိုကောင်မလေးမှ ပြန်ခေါ်လေသည်။

"ဘာ အဒေါ်ကြီး နင်က မကောင်းတဲ့ကလေးမို့လို့ ခေါက်တာ ဟိုကလေးမလေး သွားတော့ ငါကြည့်ရှင်းထားလိုက်မယ် "လဲကျနေသော ကောင်မလေးအား ထူလိုက်ရင်း သွားရန် ပြောလေသည်။

My prince is tragic and coldDonde viven las historias. Descúbrelo ahora