"Unexpected Suprise"

22 1 0
                                    

ကျန်းကျန်းက စဉ်းစားလိုက်ရင်း "ငါ ငါ မသိတဲ့လူဘဲ ကောင်မလေးတစ်ယောက်ဘဲ ငါသူ့ကိုမသိဘူး"

လင်ဟွမ်က သက်ပြင်းတချက်ချလိုက်ရင်း "ကောင်းပြီ ငါ့နောက်လိုက်ခဲ့ ဆရာဆီသွားရမယ်"

ကျန်းကျန်းက သူ့နောက်တိတ်တဆိတ်လိုက်လာရင်း "လင်ဟွမ် ငါလုပ်တာမဟုတ်ဘူး" အသံတိုးတိုးဖြင့် ပြောလေသည်

"မင်းမလုပ်မှန်း ငါသိတယ် " လင်ဟွမ်က ထိုသို့ပြောကာ ဆရာများနားနေခန်းတံခါးကိုဖွင့်လိုက်လေသည်

ရှင်းရှန်က အတန်းပိုင်ဆရာခုံနားတွင် မတ်တပ်ရပ်နေရင်း သူတို့ဝင်လာသည်ကို မြင်သောအခါ ပြုံးလိုက်လေသည် "ဟိုင်း"

"ကျန်းကျန်း ကိစ္စသေးသေးလေးကို ဆရာအကြီးကြီးမဖြစ်စေချင်ဘူး ရှင်းရှန်ကို တောင်းပန်လိုက်" ဆရာမှ ထိုသို့ပြောလေသည်

"ရှင်" အံ့ဩသွားသောလေသံဖြင့် ကျန်းကျန်းကဖြေလာလေသည်

ထိုအချိန်ထိ လင်ဟွမ်က တိတ်ဆိတ်ဆဲ ထိုအခါ ရှင်းရှန်မှ "သူငယ်ချင်းအချင်းချင်းဘဲ နင်တောင်းပန်မယ်ဆို ငါခွင့်လွှတ်ပါတယ် ပြဿနာအကြီးကြီးငါလည်းမဖြစ်စေချင်ပါဘူး လင်ဟွမ်လည်း ကြားထဲက ပင်ပန်းနေမှာဘဲ အားနာလိုက်တာ" ရှင်းရှန်က လင်ဟွမ်အား တချက်ကြည့်လိုက်ရင်း ထိုသို့ပြောလေသည်

ကျန်းကျန်းက လင်ဟွမ်မျက်နှာကို တစ်ချက်ကြည့်လိုက်လေသည် မျက်နှာက မကောင်း သူမ ရှင်းရှန်ကို တောင်းပန်လိုက်လျှင် ဒီကိစ္စအမြန်ပြီးချေမည် လင်ဟွမ်လည်း စိတ်ရှုပ်စရာမလို သူမဘဝတွင် ရှင်းရှန်ကို တောင်းပန်ရမှာလောက် မုန်းတာမရှိ သို့သော် လင်ဟွမ် မျက်နှာ ညိုးနေသည်ကို မြင်ရတာက ပိုဆိုးလှချေသည်

ကျန်းကျန်းက လက်သီးဆုတ်လိုက်ကာ "ရှင်းရှန် ငါတောင်းပန်ပါတယ်" သူမ တောင်းပန်သံကြောင့် သူမရှေ့က ရပ်နေတဲ့ လင်ဟွမ်က အံ့ဩသွားသည့် မျက်နှာပေးမျိုး ထွက်လာလေသည်

ရှင်းရှန်က ရယ်လိုက်ရင်း "ကောင်းပြီ ငါခွင့်လွှတ်တယ်"

"ပြေလည်ပြီဆိုလည်း အတန်းတက်ပြီးစာသင်ဖို့ပြင်ကြတော့ နောက်တစ်ခါ ပြဿနာမဖြစ်စေနဲ့"

My prince is tragic and coldDonde viven las historias. Descúbrelo ahora