(Zawgyi)ရေချိုးပြီးတာနဲ့ ရေခဲသေတ္တာထဲ၌စတော်ဘယ်ရီရှိသည်
ဟူသည့်အိမ်တော်ထိန်းကြီး၏ပြောစကားကြောင့်
စတော်ဘယ်ရီကြိုက်သူပီပီ စားမည်ဟုပြင်ကာ
အောက်ထပ်သို့ Taehyung ဆင်းလာခဲ့သည်
စတော်ဘယ်ရီခြင်းအားပိုက်ကာ ဖုန်းကြည့်၍
စားနေစဉ်ကားသံကြားတာကြောင့်ဦးလေးကြီး
ပြန်လာပြီဟုစိတ်ထဲမှရေရွတ်မိလိုက်သည်တံခါးဝရောက်ရောက်ချင်းကြည့်လိုက်တော့
စတော်ဘယ်ရီခြင်းကြီးအားပိုက်ကာ ခြင်းထဲမှ
စတော်ဘယ်ရီတွေအားရပါးရစားနေသည့်ကလေးပေါက်စ
သေချာကြည့်မိတော့ အနည်းငယ်ရှည်နေသည့်
အရှေ့ဆံပင်လေးတွေကိုမှ ချည်နှောင်ထားသေးသည်
ဖုန်းကြည့်လိုက်စတော်ဘယ်ရီတွေစားလိုက်နဲ့
ဘာတွေသဘောကျနေမှန်းမသိ တစ်ခါရယ်လိုက်တိုင်း
ခေါင်းပေါ်ကဆံပင်အစုလေးကလှုပ်စိလှုပ်စိလေးပင်" ဦးလေးကြီး ပြန်လာပြီလား
ဟို ကျွန်တော်လေ "စကားပင်မဆုံးလိုက် ချက်ချင်းပင်
ဦးလေးကြီးရင်ခွင်ထဲဆွဲဖက်ခံလိုက်ရသည်
ဘာကြောင့်မှန်းတော့မသိခဲ့ပါ ဒီခံစားချက်
နွေးထွေးလွန်းသည့် ဦးလေးကြီးရင်ခွင်ထဲ
နစ်မြုပ်နေခဲ့သည့်ခံစားချက်ကို သဘောကျမိသည်နှလုံးသားစေရာအတိုင်းပင် ကိုယ်တိုင်မသိလိုက်ခိုက်
ထိုကလေးပေါက်စကို ရင်ခွင်ထဲထည့်ထားမိခဲ့သည်
ထိန်းမရတဲ့ကိုယ့်ရင်ခုန်သံတွေကို မင်းသာမတော်တဆ
ကြားသွားခဲ့ရင်ဘယ်လိုလုပ်ရပါ့မလဲ ကလေးပေါက်စရင်ခွင်ထဲက ကလေးပေါက်စကတော့
နေရခက်နေသည်ထင်ပါ့ ယခုထိမလှုပ်မယှက်ပင်" ကိုယ်...ကိုယ် တောင်းပန်ပါတယ် ကလေးပေါက်
နေရအဆင်ပြေရဲ့လား တစ်ခုခုများဖြစ်နေတာလား "" ဟို...ဟို ဦးလေးကြီး ကျွန်တော်အဆင်ပြေပါတယ် "
" ဒါနဲ့ကလေးပေါက်စ ခုနကအိမ်တော်ထိန်းကြီး
ပြောတော့အိပ်နေတာဆို အခုရောဘာလုပ်နေတာလဲ
ညနေစောင်းနေပြီ ရေရောချိုးပြီးရဲ့လား
နောက်တစ်ခါ အဲ့လောက်ထိမအိပ်နဲ့ဖျားလိမ့်မယ် "ဘာလုပ်နေလည်းလို့မသိချင်ယောင်ဆောင်ကာ
မေးလိုက်တော့ စတော်ဘယ်ရီခြင်းကြီးမြှောက်ပြလေ၏
သူစတော်ဘယ်ရီသီးတွေစားနေသည်ပေါ့လေ