( Zawgyi )" ဒီနေ့ဘယ်သွားမှာလဲ ကလေးပေါက်စ "
အလုပ်သွားရန်ပြင်ဆင်နေရင်းမှ
ဖုန်းသုံးနေသောသူ့အားလှမ်းမေးလိုက်သည်" မသိသေးဘူးဦးလေးကြီး ဘယ်သွားရမှန်း
ကျောင်းကလည်းပိတ်ထားလက်စဆိုတော့ "" သြော် အင်း ဟုတ်ပါပြီ "
" လာဦး ဦးလေးကြီး ဒီကိုလာဦး "
" အင်း လာပြီ လာပြီ "
အနည်းငယ်စောင်းနေသော နက်ခ်တိုင်အား
သေချာသပ်ရပ်အောင်ပြင်ပေးလိုက်သည်" နက်ခ်တိုင်စောင်းနေတယ်လေ ဦးလေးကြီး "
" ကိုယ့်ကိုအာရုံမထားဘဲ ဖုန်းပဲသုံးနေတယ်ထင်တာ
ကလေးပေါက်စကကိုယ့်ကိုသေချာကြည့်နေတာပဲ "" အင်း ဟုတ်တယ် ဒီဦးလေးကြီးကို
ဖြစ်နိုင်ရင်တစ်စိမ့်စိမ့်ထိုင်ကြည့်နေလိုက်ချင်တာ "" ကိုယ်သွားတော့မယ် လိမ်လိမ်မာမာနေနော် "
" ဟုတ်ကဲ့ပါဗျ စကားနားထောင်ပါ့မယ် "
" ဒါနဲ့ ဒီအတိုင်းကြီးသွားရမှာလားကလေးပေါက်စ "
" ဦးလေးကြီးကဒီအတိုင်းကြီးမသွားချင်ဘူးပေါ့
ဟိုမှာတွေ့လားပြတင်းပေါက်အဲ့ကကျော်ထွက်သွား "" မင်းကတော့ကွာ ကိုယ့်ကိုနောက်နေမှာလား
မဟုတ်ဘူးလေ တစ်ခုခုမပေးချင်ဘူးလားလို့ "" မုန့်ဖိုးပေးရမှာလား ဦးလေးကြီးကလည်း
company ပိုင်ပြီးကျွန်တော့်လိုကောင်လေး
စီကမုန့်ဖိုးပြန်တောင်းနေတာတော့မဟုတ်သေးဘူး
လူကြားလို့လည်းမကောင်းပါဘူးဗျာ "" အရိပ်ပြလို့လည်းအကောင်မမြင်
အကောင်လိုက်ကြီးဘွားခနဲပြတောင်
ဒီကလေးပေါက်စကသိမယ်မထင်ဘူး
အဲ့တာဆိုကိုယ်သွားတော့မယ် "" ဦးလေးကြီး! "
ကုတင်ပေါ်မှပြေးထကာ ပါးပြင်လေးအား
ခပ်ဖွဖွနမ်းကာ နှုတ်ဆက်လိုက်သည်" ဟာ အဲ့တာဆိုခုနကကိုယ်ဘာပြောမှန်း
သိတယ်ပေါ့ ဒီကလေးကအလည်လေးပဲ "" ကောင်းကောင်းသွားနော် ဦးလေးကြီး "
" ဟုတ်ပါပြီဗျ "