( Zawgyi )
အချိန်တွေကတဖြည်းဖြည်း
ကုန်ဆုံးသထက် ကုန်ဆုံးနေသည်
ကျောင်းလည်းတက်ပြီးတော့
ဘွဲ့ယူမယ့်နေ့လည်းရောက်လာပြီမနက်အိပ်ရာထတိုင်း မြင်တွေ့ရသည့်
Eiffel Tower ရှေ့ရိုက်ခဲ့သည့်ပုံကြောင့်
ပြုံးမိခဲ့သည်မှာလည်း မရေမတွက်နိုင်ပင်" အဆိုးလေးရေ ထတော့ နိုးနေတာကို
မထဘူးပေါ့ ဒီနေ့ဘွဲ့ယူရမယ့်နေ့လေ "" နှစ်တွေကကုန်တာမြန်လိုက်တာ
ဒီပုံကိုရိုက်ခဲ့တာ ကြာရောပေါ့ "အိပ်ခန်းအလယ်၌ ချိတ်ထားသည့်
Eiffel Tower ရှေ့ကပုံလေးအား
ညွှန်ပြကာ ပြောသည်" ဟုတ်ပ မနေ့တစ်နေ့ကလိုပဲနော် "
" ဒီနှစ်တွေထဲ တအားပျော်တာပဲသိလား
ကျွန်တော်ကိုယ်တိုင်လည်းပျော်ရတယ်
ဘေးနားကသူတွေပျော်တာလည်းမြင်ရတယ် "" လွန်ခဲ့နှစ်တွေကသာ မင်းကိုတွေ့ခဲ့ပါရက်နဲ့
မရွေးချယ်မိရင် ကိုယ်အခုဆို ကမ္ဘာပေါ်မှာ
နောင်တအရဆုံး ဖြစ်နေမိမယ်ထင်တယ် "" အခုရော "
" ကိုယ့်လောက်ပျော်တဲ့သူတောင်ရှိနိုင်ပါ့မလား "
" ကျွန်တော့်ယောကျာ်းကတော့ထုံးစံအတိုင်း
သဲလိုက် ကဲလိုက် ပိုလိုက်ရမှနော် "" ဒီလိုနဲ့နောက်ကျတော့မယ်
ရေချိုးပြီးပြင်ဆင်တော့လေ "" ဦးလေးကြီးလိုက်ခဲ့မယ်မလား "
" ကိုယ့်ယောကျာ်း ဘွဲ့ယူတာလိုက်ခဲ့မှာပေါ့ "
" ကျွန်တော့်လောက် ကံကောင်းတဲ့သူရော
ရှိနိုင်ပါ့ဦးမလား အမိအဖလိုမလိမ္မာတာ
ဆုံးမတယ် ချစ်ရသူတစ်ယောက်အနေနဲ့လည်း
ကြင်နာယုယထွေးပွေ့ပြီး ချစ်ပေးတယ် "" ကိုယ့်စကားနားထောင်ပြီး ပြောစရာ
မလိုအောင်လိမ္မာပြီးသားပါ ကလေးပေါက်စက
ဒါနဲ့ ဒီနေ့တော့ Jimin နဲ့ Yoongi လာမယ်မလား "" လာမှာ မလာလို့မရဘူး မလာရင်
အဲ့နှစ်ယောက်လုံးကို ရှင်ခန်းဖြတ်မယ်
အခုတောင်လူက သိပ်မကြည်ဘူး "" စိတ်ကြီးလိုက်တာနော် "
" မရဘူး ကြီးကြီးပဲ လူကေတာ့ သူတို့ကို
ကိုယ်ဘာလုပ်လုပ်ပြောလိုက်တိုင်ပင်လိုက်ရတာ
သူတို့ကျ ရည်းစားဖြစ်နေတာတောင်မသိရ
ခိုးပြေးကြတော့မှ လူကသိရတယ်မတရားဘူး "