(Zawgyi)ဒီနေ့တော့ company ကိုရှယ်ယာရှင်
အစည်းအဝေးရှိတာကြောင့် စောထွက်လာသည်
ကလေးပေါက်စကတော့အခုထိမနိုးသေး
အိမ်တော်ထိန်းကြီးအား သေချာဂရုစိုက်ပေးဖို့
မှာခဲ့ရင်းပဲ မြန်မြန်ထွက်လာခဲ့လိုက်သည်ရှယ်ယာရှင်အစည်းအဝေး၌ အချိန်အတော်ကြာ
ဆွေးနွေးနေရင်းနဲ့မှ ခုံတစ်နေရာလွတ်နေသည့်
ထိုနေရာအား မျက်လုံးရောက်လိုက်မိသည်
ရှယ်ယာရှင်တစ်ဦးလုပ်နေပြီးတော့ဘယ်လိုတောင်
အဲ့လောက်ထိအချိန်ကိုမလေးစားနိုင်ရတာလဲတွေးလို့ပင်မဆုံးသေး အခန်းတံခါးပွင့်သံနဲ့အတူ
တစ်ပြိုင်နက်ထွက်ပေါ်လာခဲ့သည့်ဒေါက်ဖိနပ်သံ" Kang Haewon "
မကျယ်မတိုးစွာရေရွတ်လိုက်သည်
Haewon - ဥက္ကဋ္ဌ Jeon ရော ရှယ်ယာရှင်
အားလုံးကိုပါ ကျွန်မတောင်းပန်ပါတယ်
အလုပ်ကိစ္စပေါ်လာတာကြောင့်နောက်ကျသွားတယ်" အလုပ်ကိစ္စ ဒါကရောမင်းအတွက် အလုပ်
မဟုတ္ဘူးလား ရှယ်ယာရှင်တစ်ယောက်အနေနဲ့
ရှယ်ယာရှင်အစည်းအဝေးထက် အရေးကြီးတဲ့
အလုပ်ရှိတာလား သြော် ငါမသိဘူးပဲ အဲ့လောက်
အရေးကြီးနေလည်း အဲ့အလုပ်မှာပဲနေရောပေါ့
ဘာကိစ္စငါ့ company မှာရှယ်ယာဝင်ထားလဲ "Kang Haewon အပါအဝင် ရှယ်ယာရှင်အားလုံး၏အကြည့်များသည်လည်း
ကျွန်တော့်ထံရောက်နေခဲ့သည်" နောက်မဖြစ်စေရပါဘူး ဥက္ကဋ္ဌ Jeon "
နာရီအတော်ကြာထိ အစည်းအဝေးကို
ထိုင်ခဲ့ကြပြီးနောက်ဆုံးတော့ပြီးသွားကြသည်
ရှယ်ယာရှင်တွေလည်းအစည်းအဝေးခန်းထဲက
ထွက်သွားခဲ့ကြပြီး ကျွန်တော်လည်းထွက်သွားရန်
ပြင်နေစဉ် အခန်းထဲအားဝေ့ကြည့်မိတော့ အခုထိ
ကျန်နေသေးသည့် သူမ Kang Haewon
ဂရုမစိုက်စွာဖြင့်ထွက်လာရန်လုပ်နေစဉ်ခိုက်ပင်" မင်းဒါဘာလုပ်တာလဲ Kang Haewon "
လက်ကိုလာဆွဲသည့် သူမ
Haewon - မ တောင်းပန်ပါတယ် Jungkook "
" အဲ့လိုအသုံးအနှုန်းတွေသုံးဖို့မသင့်တော်ဘူး
ထင်တယ် နောက်ဆိုဒီလိုမဆင်မခြင်မပြုမူနဲ့
ကျွန်တော်မကြိုက်ဘူး "