( Zawgyi )
" အိပ်ပုတ်လေးရေ ထတော့ "
" ငါးမိနစ်ပဲဦးလေးကြီး ငါးမိနစ် "
" မရတော့ဘူး လိမ္မာတယ် ထပါဆို "
" ထပြီဗျာ ထပြီ ပွစိပွစိနဲ့ အဘိုးကြီးလို့ကို
မပြောရဘူး တဗျစ်တောက်တောက်နဲ့ "" အော ဘာဖြစ်လဲ အဘိုးကြီးရထားတာ
မကောင်းဘူးလားပြော ကဲပါ ထ ရေချိုးမျက်နှာသစ်
ပြီးရင်လျှောက်လည်ကြမယ် "" လျှောက်လည်မယ် ဟုတ်လား "
" အင်းလေ Paris ထိလာပြီ ဒီအတိုင်း
Hotelအခန်းထဲမှာပဲ နေမယ်လို့တော့
မပြောနဲ့နော် "" မဟုတ်ပါဘူး လည်မယ်လို့ပြောမလို့ပါ
ဒါနဲ့ဦးလေးကြီးကရော ပြင်ဆင်ပြီးပြီလား "" ပြီးတာကြာပေါ့ ဒီက ကလေးပေါက်စကို
နှိုးနေတာနဲ့တစ်နေ့ကုန်တော့မှာလေ "" ဘာဖြစ်တုန်း ညမှထွက်လည်းကောင်းတာပဲ
ပိုပြီးတောင်လှသေးတယ် "" မရပါဘူး သွား ရေချိုးတော့ဆို
ကိုယ်ချိုးပေးလိုက်ရမလား ပြော "" အာ ဘာတွေပြောနေတာတုန်း
ကိုယ့်ဘာသာချိုးမယ် "" လုပ် ရွေးပေးဦးလို့ ဦးလေးကြီး
ဘယ်ကဟာလှလား ညာကဟာလှလား "ရေချိုးပြီးသွား၍ ဝတ်မည့်
အဝတ်အစားကိုရွေးခိုင်းနေသည်" သြော် နှစ်ခုလုံးလှပါတယ်ဆို
ကလေးပေါက်စကြိုက်တာဝတ် "" ပြောပါဆို တစ်ခုပြော ဦးလေးကြီး
ပြောတာဝတ်မယ် "" တကယ်လား "
" တကယ်မဟုတ်ဘူး နှစ်ကယ် သုံးကယ်
မြန်မြန်လုပ်ပါဆို သူလုပ်တာနဲ့မိုးချုပ်တော့မယ် "" ညာဘက်ကဟာလေး ဝတ် "
အဖြူရောင် T-shirt အား jeans ဖြင့်တွဲထားသည်
" အိုကေ အိုကေ ခဏစောင့် "
တစ်အောက်ကြာ အဝတ်အစားလဲပြီးသွားသည်
" သွားကြမယ်လေ ဦးလေးကြီး "
လူကိုခေါင်းအစခြေအဆုံး မျက်တောင်မခတ်ကာ
ကြည့်နေသည့် ဦးလေးကြီးကြောင့် ဘာလုပ်လို့
ဘာကိုင်ရမှန်းမသိ ကြောင်တောင်တောင်ဖြစ်နေ၏