Part - 18

3.3K 212 0
                                    


( Zawgyi )

နေ့လည်ကကိစ္စကြောင့် စိတ်မကြည်စွာ
အိမ်ကိုစောပြီးပြန်လာလိုက်သည်

အိမ်ထဲသို့ဝင်လိုက်ချိန်တွင် ဧည့်ခန်းရှိ
ဆိုဖာပေါ်၌အိပ်ပျော်နေသည့်ကလေးပေါက်စ
ဘေးနားတွင်လည်းမုန့်ထုပ်များကချထားလျက်
မစားတော့မစားရသေး။ ခြေသံလေးဖော့ကာ
အနားတိုး၍ကြည့်လိုက်တော့အိပ်နေတာတောင်
တကယ်လှတဲ့ကလေးပေါက်စလေးပါလား
အချိန်အတန်ကြာတဲ့ထိငေးကြည့်နေမိခဲ့သည်

ရုတ်တရက်လှုပ်စိလှုပ်စိနိုးလာသော
ကလေးပေါက်စကြောင့် ဆိုဖာပေါ်သို့
အမြန်ထိုင်လိုက်သော်လည်းဟန်ချက်ပျက်သွားခဲ့သည်

ချောင်းတစ်ချက်ဟန့်လိုက်ကာဖြင့် ~

" အဟမ်း ညနေပိုင်းကြီးအိပ်နေတာလား "

" ဦးလေးကြီးအစောကြီးပြန်လာတာလား
TV ကြည့်နေရင်းခဏအိပ်ပျော်သွားတာ "

" အင်း ဟုတ်ပါပြီ နောက်ဆိုရင်တော့
သိပ်မအိပ်နဲ့နော် ဖျားလိမ့်မယ် "

" ဟုတ် ဦးလေးကြီး "

" ကိုယ်ရေချိုးပြီး ထမင်းစားပြီးရင်
ခြံထဲဆင်းကြမလား ကလေးပေါက်စ "

" အင်း ဆင်းကြမယ်လေ ဦးလေးကြီး "

ခြံထဲဆင်းထိုင်နေကြသည် ညလေပြေအေးများကလည်း
တဖြူးဖြူးတိုက်ခတ်နေလျက်အလွန်နေလို့ကောင်းသည်

" ကိုယ်တို့စကားပြောကြမလား "

" အင်း ပြောကြမယ်လေ "

" အမှန်အတိုင်းပြောရရင် ကိုယ်မင်းအကြောင်း
ဘာမှမသိသေးဘူး ကိုယ့်ကိုမင်းရဲ့မိသားစုဝင်
တစ်ယောက်လိုသတ်မှတ်ပြီးပြောပြပါလား "

" ကျွန်တော်လည်းဦးလေးကြီးအကြောင်း
ဘာမှမသိရပါဘူး အတူတူပါပဲ "

" ကိုယ်တို့စတွေ့ခဲ့တာ နည်းနည်းတော့ရယ်စရာ
ကောင်းသားနော် Lavender ပန်းခင်းထဲ
တွေ့ခဲ့ကြတာဟုတ်တယ်မလား "

" အင်း ဟုတ်တယ် ကျွန်တော်က
ဦးလေးကြီးကို ဝင်တိုက်ခဲ့မိတာလေ
အမှန်အတိုင်းပြောရရင် အဲ့တုန်းကကြောက်မိတာ
လက်ပေါက်ကပ်တဲ့ လူကြီးပေါ့ "

REGARDLESS  / kookv / [ Completed ] Where stories live. Discover now