ဖြည့်ကိန်း(သို့မဟုတ်) kim ji soo

107 6 0
                                    

ကျွန်မကလေ မတည်နိုင်တဲ့ကတိတွေကို
ဘဝနဲ့ရင်းပြီးပေးခဲ့မိတဲ့ခပ်ညံ့ညံ့မိန်းမတစ်ယောက်ပေါ့
ပျော်ရွှင်မှုအနည်းအကျဥ်းလောက်ကို
နာကျင်မှုအများအပြားနဲ့လဲလှယ်ထားရတဲ့လူတစ်ယောက်ပေါ့
ကျွန်မမှာအချစ်မရှိဘူး
ကျွန်မမှာသံယောဇဥ်တွေပဲရှိတာ
ပြီးတော့ အဲ့ဒီသံယောဇဥ်နွံထဲမှာ
အဖြည့်ခံတစ်ယောက်လိုနစ်ဝင်ခဲ့ရတာ....
ကျွန်မကလေ ကိန်းဖြည့်တစ်လုံးလို....တစ်ဘဝလုံး...

Kim Ji Soo
---------------------------------------------

"ဂျီဂျီ.....မမ မှာတာတွေမမေ့ရဘူးနော် "

" မမ မလုပ်ပါနဲ့ ပြန်လာခဲ့ပါ"

" လီလီ့ကိုစောင့်ရှောက်ပေးမယ်မဟုတ်လားဟင် "

" မမ ဂျီဂျီ့ကိုတစ်ယောက်ထဲမထားခဲ့ပါနဲ့
မမမရှိပဲဂျီဂျီဘာဆက်လုပ်ရမှာလဲ
ပြီးတော့ လီလီရော...လီလီ့ကိုညီမလေးဘယ်လိုပြောရမှာလဲ ပြန်လာခဲ့ပါမမရယ်"

ဂျီဆူးအားယူပြီးရှေ့ကိုလှမ်းပေမဲ့သူမခြေထောက်တွေကရွှေ့မရ...
တစ်စုံတစ်ယောက်ကဆွဲကိုင်ခံထားရသလိုမျိုး
သူမခြေထောက်တွေဟာလှုပ်ရှားလို့မရခဲ့

" မမကအကောင်းဆုံးဖြစ်မယ့်လမ်းကိုရွေးလိုက်တာပါ ညီမလေးကနားလည်ပေးမယ်မဟုတ်လားဟင်"

" ဟင့်အင်း ဂျီဂျီ့ကိုအဲ့လိုမျိုးမစပါနဲ့ မမရယ်
ဂျီဂျီကြောက်နေပြီ ဂျီဂျီ့ခြေထောက်တွေရွေ့မရဘူး
ဂျီဂျီလက်ကမ်းပေးမယ် လှမ်းဆွဲလိုက်နော် မမ "

ဂျီဆူဒီအခြေအနေကြီးကနေလွတ်မြောက်ချင်ပြီ
အိပ်မက်ဆိုလဲနိုးပါတော့လို့ဆုတောင်းနေမိတယ်
ကျေးဇူးပြုပြီး
တစ်ယောက်ယောက်လာနှိုးပေးကြပါ
ဂျီဆူသူမလက်တစ်ဖက်ကိုကမ်းပေးရင်း

" လုပ်ပါမမရယ် ပြန်ရအောင်နော်
ညီမလေးကိုမသနားရင်တောင် လီလီ့ကိုသနားပါနော်
လီလီစောင့်နေလိမ့်မယ် အတူတူပြန်ရအောင်နော်"

teayeon သူ့ညီမလေးကိုတောင်းပန်တဲ့မျက်ဝန်းများနဲ့ကြည့်မိတယ်
ပြီးတော့ပြုံးပြလိုက်ရင်း

" မတရားမှန်းသိပါတယ် ငါ့ညီမလေးကိုထားခဲ့ရလို့
ကတိပေးထားတဲ့အတိုင်းကိုယ့်ကိုကိုယ်ဂရုစိုက်ရမယ်နော် ပြီးတော့လီလီ့ကိုကာကွယ်ပေးရမယ်နော်
ငါ့ညီမလေးက ကတိတည်မယ်မဟုတ်လားဟင် "

ငါရယ်.....နင်ရယ်.....သူရယ်.....Where stories live. Discover now