တွေ့ဆုံခြင်းရဲ့နောက်မှာခွဲခွာခြင်းဆိုတာရှိနေပြီးသားတဲ့။
ချစ်ခြင်းမေတ္တာရဲ့နောက်မှာရောပေးဆပ်ခြင်းဆိုတာရှိနေစမြဲလား။
ကျွန်တော်ကလေအပြင်းစားဗုံးတစ်လုံးလိုသူမဘဝထဲလိမ့်ကျခုန်ဆင်းမိခဲ့တာ။
မသိခဲ့ဘူး.......နှစ်ရှည်လများသူမကိုနာကျင်စေခဲ့မှန်း....။
မသိခဲ့ဘူး.......တစ်ယောက်ထဲအက်ကွဲနေရတဲ့ညတွေသူမမှာရှိခဲ့မှန်း...။
ကျွန်တော်မသိခဲ့ပါဘူး......။
ဒီပုံပြင်လေးရဲ့အစကနေအဆုံးထိသူမကိုနည်းလမ်းအမျိုးမျိုးနဲ့သတ်မိခဲ့သူဟာ ကျွန်တော်ဖြစ်နေခဲ့မှန်း......။(Lalisa Manoban)
*******************" မနက်ဖြန်ငါတို့အိမ်ကိုအရှုတ်ထုပ်တစ်ကောင်လာတော့မယ် "
" ဟုတ်ပါ့ မေမေကလဲသူ့ကိုဘာလို့ခေါ်ချင်နေတာလဲမသိဘူး "
ဂျယ်ဟော့တို့မောင်နှမနှစ်ယောက်အချင်းချင်းပြောနေတဲ့စကားကိုဂျင်းနီနားစွန်နားဖျားကြားမိပြီးသိချင်မိသွားသည်။
ဂျယ်ဟော့နဲ့ဂျယ်ဟီးဆိုတာကဂျင်းနီတို့နဲ့ခြံခြင်းကပ်ရပ်ကအိမ်နီးနားခြင်းတွေပါ။
ဂျယ်ဟော့ကအကြီးဖြစ်ပြီးအသက်ကဆယ့်သုံးနှစ်....သူ့ညီမဂျယ်ဟီးကဂျင်းနီနဲ့ရွယ်တူအသက်ဆယ့်တစ်နှစ်။
သူတို့မိဘတွေကချမ်းသာတာနဲ့အမျှသူတို့မောင်နှမနှစ်ယောက်လုံးကဘဝင်လေဟပ်နေကြသူတွေ။
ဂျင်းနီမိဘတွေလဲချမ်းသာပေမဲ့ဂျင်းနီကသူတို့လိုမဟုတ်။
သနားတတ်ပြီးကူညီပေးတတ်သူ။အိမ်နီးချင်းမလို့သူငယ်ချင်းဖြစ်နေပေမယ့်ဂျင်းနီသူတို့ကိုကြည့်မရသည်မှာလဲအမှန်ပင်။" အရှုတ်ထုပ်ကဘယ်သူလဲ "
ဂျင်းနီအသံကြောင့်သူတို့မောင်နှမနှစ်ယောက်ချာခနဲလှည့်ကြည့်တယ်။
" အော် ဂျင်းနီ နင်ဘယ်တုန်းကရောက်နေတာလဲ "
" ခုနကမှပါ နင်တို့ပြောတဲ့အရှုတ်ထုပ်ကဘယ်သူလဲ "
ဂျယ်ဟီးကဂျင်းနီရဲ့စကားကိုစိတ်မဝင်စားပဲဂျင်းနီလက်ထဲကမုန့်ထုပ်ကိုစိတ်ဝင်စားနေသည်။ထို့နောက်ခွင့်မတောင်းပဲနှိုက်စားနေပြန်သည်။
' ငတ်ကြီးကျလိုက်တာ သောက်ငတ်မ 'လို့သာစိတ်ထဲကနေပြောမိသည်။ဂျယ်ဟော့ကမဲ့ကာရွဲ့ကာဖြင့်
![](https://img.wattpad.com/cover/299927932-288-k285717.jpg)
YOU ARE READING
ငါရယ်.....နင်ရယ်.....သူရယ်.....
Fanfictionမြူတွေရဲ့တစ်ဖက်စွန်းမှာ ငါစောင့်နေမှာမို့လို့ ငါ့အရိပ်ကိုစိတ်နဲ့ဖမ်းယူရှာဖွေပါ ငါတို့ပြန်ဆုံကြမယ်မဟုတ်လား......