ep 3

86 11 0
                                    

ဂျင်းနီဝရံတာမှာမတ်တပ်ရပ်နေတုန်းဒေါ်လေးမင်ယောင်းကားဝင်လာတာကိုတွေ့လိုက်ရသည်။ထို့နောက်ကားပေါ်မှဆင်းလာသောပိန်ရှည်ရှည်ကောင်မလေးတစ်ယောက်။သူ့ကိုဒေါ်လေးကတစ်ခုခုပြောနေသည့်ဟန်။ဘာတွေပြောနေလဲဆိုတာတော့ဂျင်းနီမကြားရ။ထို့နောက်ဒေါ်လေးကအိမ်ထဲဝင်သွားပြီးထိုကောင်မလေးကခြံထဲဟိုငေးဒီငေးလုပ်နေသည်။
နဲနဲကြာတော့ဂျင်းနီကြည့်နေတာကိုထိုကောင်မလေးကမြင်သွားပြီးဂျင်းနီကိုပြန်စိုက်ကြည့်နေသည်။ရုတ်တရက်ဂျင်းနီပြုံးပြလိုက်တော့အံ့ဩသွားပုံရသည်။အူကြောင်ကြောင်မျက်နှာလေးဖြစ်သွားပုံကချစ်စရာကောင်းနေသည်။
ထို့နောက်မှာတော့အိမ်ဝကနေခါးထောက်ပြီးလှမ်းအော်လိုက်သောဂျယ်​ဟော့ဆိုတဲ့မှန်ကြောင်ကောင်ရဲ့အသံကြောင့်
ထိုကောင်မလေးကလန့်သွားပုံရသည်။ဂျယ်ဟော့ကထိုကောင်မလေးစီသွားပြီးဘာတွေပြောနေလဲမသိ။ထိုကောင်မလေးကခေါင်းငုံ့ကာနားထောင်နေသည်။
ဂျင်းနီစိတ်ထဲတခုခုကိုစိုးရိမ်မိပြီးတစ်ဖက်ခြံသို့အပြေးအလွှားသွားရောက်မိတော့သည်။

" နင်ကအိမ်ထဲမဝင်ပဲဒီမှာဘာရပ်လုပ်နေတာလဲ "

ခါးထောက်ပြီးမေးနေတဲ့မျက်မှန်နဲ့တစ်ယောက်ဟာဂျယ်ဟော့ဆိုသူဖြစ်ရမည်လို့လီဆာတွေးမိသည်။တခါ​တွေ့ဖူးပေမဲ့သိပ်မမှတ်မိ။အဲ့အချိန်တုန်းကလီဆာအသက်ကငယ်သေးတယ်မဟုတ်လား။သူ့ပုံစံကလီဆာ့ကိုကြိုဆိုချင်ပုံမရပါ။မျက်မှောင်ကုတ်ထားပြီးလီဆာ့ကိုခေါင်းအစခြေအဆုံးလိုက်ကြည့်နေသည်။လီဆာကဘာမှပြန်မပြောတော့သူကပဲဆက်ပြီး...

" မေမေခေါ်ခိုင်းလိုက်လို့လာခေါ်တာ
နောက်တစ်ခါလာမခေါ်ရစေနဲ့ "

" ဟုတ် " တစ်လုံးပဲပြောပြီးအိမ်ထဲဝင်မည်လုပ်တော့

" နေဦး....ငါပြောစရာရှိသေးတယ်
မေမေကနင့်ကိုသနားလို့ခေါ်လာတာ....မွေးစားတာမဟုတ်ဘူး
ကိုယ့်နေရာကိုယ်သိ....ဒီအိမ်မှာငါတို့မောင်နှစ်မကအိမ်ကြီးရှင်ပဲ.....နင်ကအိမ်ကြီးရှင်မဟုတ်ဘူး.....ငါတို့ခိုင်းတာလုပ်ရမယ်ကြားလား.....မေမေ့အားကိုးနဲ့ငါတို့ကိုပြန်ခံပြောမယ်မလုပ်နဲ့
ပြီးတော့အခုငါပြောတာတွေကိုမေ့မေ့ကိုပြန်တိုင်မယ်မစဥ်းစားနဲ့....သိလို့ကတော့နင်အသေပဲ....ငါပြောတာကြားလား
ပြီးတော့ငါကနင့်ထက်ကြီးတယ် ရိုရိုသေသေဆက်ဆံ
ငါ့ကိုအကိုလေးလို့ခေါ် ကြားလားလာလီဆာ "

ငါရယ်.....နင်ရယ်.....သူရယ်.....Where stories live. Discover now