နှင်းဆီပုံပြင်(သို့မဟုတ်) Roseanne Park

56 6 0
                                    

" သိပ်လှတဲ့အနာဂတ်ရှ်ိရဲ့သားနဲ့ဘာလို့သေချင်ရတာလဲ "

" မွန်းကြပ်လွန်းလို့....ကျွန်မကိုတိုက်ခိုက်နေတဲ့စကားတွေစီကနေ
​ ​ရှောင်ပြေးချင်လို့....ကျွန်မစိတ်တွေသိပ်ပင်ပန်းနေလို့ "

" အဲ့ဒီအကြောင်းပြချက်တွေကလုံလောက်တယ်လို့မင်းထင်
လား"

" ကျွန်မမသိဘူး...ကျွန်မသိတာကကျွန်မသေသွားရင်အဲ့ဒီစကား
တွေကြောင့်မနာကျင်ရတော့ဘူးဆိုတာပဲ "

"ချစ်တဲ့သူတွေကိုဆုံးရှူံးခဲ့ဖူးလား "

". .................................."

" ငါအများကြီးဆုံးရှုံးခဲ့ရဖူးတယ်......
ငါ့အသက်ကိုးနှစ်မှာမိဘမဲ့ဖြစ်ခဲ့တယ်
ငါ့အသက်နှစ်ဆယ်မှာချစ်သူကသတ်သေသွားတယ်
နောက်ထပ်လပိုင်းအကြာမှာအချစ်ဆုံးသူငယ်ချင်းက
ငါ့ကိုကာကွယ်ပေးဖို့ကြိုးစားရင်း​သေသွားခဲ့တယ် "

" ဘုရားရေ!!!. ....ရှင့်အဖြစ်ကဆိုးလိုက်တာ "

" .နာကျင်ရလွန်းလို့ရူးမတတ်ပဲ
နာကျင်ရလွန်းလို့ သေလုမြောပါးပဲ
ငါ့ကိုယ်ငါလူသတ်သမားတစ်ယောက်လိုခံစားရပြီး
တစ်မိနစ်လေးတောင်မပျော်နိုင်ခဲ့ဖူး
မင်းတွေးကြည့်....
အဲ့ဒီခံစားချက်ကဘယ်လောက်ထိဆိုးရွားလဲဆိုတာ"

" ရှင့်​နေရာမှာကျွန်မသာဆိုရင်လို့တွေးမိပြီးအသက်ရှူကြပ်လာတယ်......ရှင်အရမ်းပင်ပန်းခဲ့မှာပဲ"

" ကိုယ့်ကိုကိုယ်သတ်သေဖို့ကြိုးစားမိတဲ့အထိပေါ့
အကြိမ်ပေါင်းများစွာပဲ......
သူတို့အသက်တွေနဲ့အလဲအလှယ်လုပ်ပေးခဲ့ရတဲ့ဘဝလေ
လူကရှင်ကျန်နေခဲ့ပေမယ့် ငါ့စိတ်တွေကတော့သေသွားတယ်
အဲ့တာငါသတ်သေဖို့လုံလောက်တဲ့အကြောင်းပြချက်တွေပဲ "

" စိတိမကောင်းပါဘူး တစ်ကယ်ပါ
ကျွန်မသိချင်မိတယ်......
အဲ့ဒီအချိန်တွေကို ရှင်ဘယ်လိုများကျော်ဖြတ်ခဲ့တာလဲ"

" မင်းသိလား.......နှောင်ကြိုးတွေကဖြတ်ရသိပ်ခက်တာ
ဟိုးမှာရပ်နေတဲ့အမျိုးသမီးကိုတွေ့လား....
သူကငါ့ရဲ့နောက်ဆုံးနှောင်ကြိုးလေးလေ
ပြီးတော့သူက...ငါ့ကိုယ်ငါသတ်မသေပြစ်ဖို့လုံလောက်တဲ့
အကြောင်းပြချက်လဲဖြစ်ခဲ့တယ်
စိတ်မကောင်းစရာတစ်ခုက ငါသူ့ကိုပါသတ်မိတော့မလို့....."

ငါရယ်.....နင်ရယ်.....သူရယ်.....Where stories live. Discover now